Episode - 15

19 4 0
                                    

နဖူးပေါ်ကျနေတဲ့ ဆံနွယ်ထိပ်ဖျားမှ ရေစက်လေးတွေဟာ ဒီကောင်လေးရဲ့ မျက်ဝန်းဆီမှ စီးဆင်းလာတဲ့ မျက်ရည်စက်များဖြင့် ရောယှက်ကုန်၏။ ချမ်းလွန်းလို့ တဆတ်ဆတ်တုန်နေတဲ့ နှုတ်ခမ်းဖျားမှ ကျွန်တော့်ကို တစ်ခုခုပြောဖို့ ဟန်ပြင်နေသည်။ တင်းတင်းဆုပ်ထားတဲ့ သူ့လက်သီးဆုပ်လေးကြောင့် သူတကယ် သတ္တိမွေးပြီး ပြောတော့မှာကို ကျွန်တော်သိသည်။ အထူးသဖြင့် သူ့မျက်ဝန်းမှ ကြိုပြောနေတဲ့ သူ့ရင်ထဲက လေး‌နက်မှုတွေကို ကျွန်တော်ခံစားမိနေသည်။

သွေးစစ်နှုတ်မှ တစ်စုံတစ်ရာပြောလာမှာကို ကျွန်တော်ကြောက်လန့်စိုးရိမ်ထိတ်လန့်ရသည်။ ကျွန်တော်တားမြစ်ချင်ခဲ့သည်။ မဟုတ်ရင် .......ကျွန်တော်တို့ဘာဆက်ဖြစ်မလဲ ကျွန်တော်မသိနိုင်တော့ပါ။

"ခက်ထန် ....ငါ.....ငါ....မင်းကို......"

ထိုအချိန်...ဒေါက် ...ဒေါက်

တံခါးခေါက်သံနှင့်အတူ ခက်စစ်လေးက အခန်းထဲကို ဝင်လာကာ ထမင်းစားဖို့လာခေါ်လေသည်။

"သွေးစစ် အရင်ဆုံးရေချိုးပြီး အဝတ်အစားလဲလိုက်နော်....ပြီးရင် အောက်ထပ်ကို ဆင်းလာခဲ့လိုက်..."

ခက်ထန်က ခက်စစ်လေးကိုခေါ်ကာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ သွေးစစ်သည် အရာရာကို ပြန်လည်မြိုသိပ်ထားလိုက်ရကာ တစ်ယောက်တည်း‌ကျန်ခဲ့ရသည်။

သွေးစစ်က ခက်ထန်အဝတ်အစားတွေဝတ်ကာ ထမင်းစားခန်းထဲကို ဝင်လာခဲ့သည်။ ခက်ဆစ်လေးတောင် အရင်ကထက် အရပ်လေးပိုရှည်လာခဲ့သည်။ ချစ်စဖွယ်အပြုံးလေးဖြင့် ပြုံးပြနေတဲ့ ခက်စစ်လေးကို ကျွန်တော်ပြန်ရယ်ပြလိုက်ကာ ခုံလွတ်တစ်ခုမှာ ဝင်ထိုင်လိုက်သည်။ ခက်စစ်ပင်မဟုတ်ဘဲ ခက်ထန်လည်း အရပ်ရှည်လာပြီး မျက်နှာလည်း ပိုသွယ်လာခဲ့ကာ အရင်ကထက် ပိုပြီး ကြည့်ကောင်းလာခဲ့တဲ့ ခက်ထန်ကို ကျွန်တော် လေးနက်စွာငေးကြည့်နေမိသည်။

"သွေးစစ် ဒေါ်လေးတို့ မတွေ့ရတာတောင် ကြာပြီနော်..မဝင်းရော ကျန်းမာရေးကောင်းရဲ့လား.."

"ဟုတ်ကဲ့ ကောင်းပါတယ် ဒေါ်လေး..."

နှစ်ဖက်မိသားစုဆီက အကြောင်းအရာတွေ အပြန်အလှန် ပြောကြရင်းဖြင့် အားလုံးအတူထမင်းစားလိုက်ကြသည်။

WRONGWhere stories live. Discover now