Episode - 9

49 3 2
                                    

အချိန်မှာ ကျောင်းသွားရတော့မယ် အချိန်ဖြစ်သည်။ အိမ်ရှေ့အပေါက်ဝမှာ ငုတ်တုတ်ထိုင်နေရင်း ခက်ထန်လာမယ့်အချိန်ကို စောင့်နေခဲ့သည်။ သွေးစစ်သည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုတ်ထားမိရင်း မျက်ရည်တွေက စီးကျလာပြန်သည်။ ခက်ထန်သည် တကယ်ပဲ ငါအပေါ်ဘယ်လိုများ တွေးနေတာလဲဆိုတာကိုပင် သွေးစစ် မတွေးကြည့်ရဲတော့သလိုပင် ဖြစ်ရသည်။ အရာအားလုံးကို အတူတူနားလည်နေခဲ့တာလို့ ထင်မိနေတာတွေကမှားနေခဲ့တာလား.....။

ခက်ထန်မလာတော့တာ သေချာတာကြောင့် သွေးစစ်လည်း တစ်ယောက်တည်းသာ ကျောင်းကို ထွက်လာခဲ့တော့သည်။ အတန်းထဲကို ဝင်လာတော့ ခက်ထန်ကို တွေ့လိုက်ရတာကြောင့် သွေးစစ်ဒေါသထွက်မိသွားကာ ခက်ထန်အနားကို သွားလိုက်သည်။ ဒေါသကြောင့်ရော ဝမ်းနည်းစိတ်ကြောင့်ရောကြောင့် ကျလုဆဲဆဲဖြစ်လာတဲ့ မျက်ရည်တွေကို မြိုသိပ်လိုက်ရင်း ................

"မင်း...ဘာလို့ အိမ်ကို မလာတာလဲ..."

"ငါ မနက်က အိပ်ယာထနောက်ကျနေတာနဲ့ အမေ့ကိုလည်း ဆိုင်ကူဖွင့်ပေးနေရတော့ နောက်ကျနေတာနဲ့ ငါ့ဘာသာ လာလိုက်တာ..."

"ဘယ်လောက်နောက်ကျကျ မင်းငါ့ကို လာခေါ်နေကြမဟုတ်ဘူးလား အခုမှ ဘာဖြစ်ရတာလဲ......."

ထိုအချိန်ကျမှ မြည်လာတဲ့ ကျောင်းခေါင်းလောင်းသံကိုပင် သွေးစစ်ဒေါသထွက်နေမိသည်။ ကျောင်းခေါင်းလောင်းသံကြောင့် ကျောင်းသားတွေ အကုန်လုံး ကိုယ့်နေရာ ကိုယ်ထိုင်ကြတဲ့အချိန်မှာ ခက်ထန်သည် သွေးစစ်နှင့်အတူ လာမထိုင်ဘဲ အခြားကျောင်းသားတစ်ယောက်နှင့် နေရာလဲထိုင်ခဲ့သည်။ သွေးစစ်သည် ခက်ထန်ကို သေချာစိုက်ကြည့်နေခဲ့မိသည်။ ဒါကိုပင် သိရဲ့သားနဲ့ ခက်ထန်က မသိကြေးကျွန်ပြုနေခဲ့သည်။

ကျောင်းဆင်းချိန်တွင် သွေးစစ်လည်း တစ်ယောက်တည်းသာ အိမ်ကိုပြန်လာခဲ့သည်။ အိမ်ရောက်တော့ ထုံးစံအတိုင်း ဦးကျော်ညိုက မူးနေတာနှင့် တိုးပြန်သည်။ ဦးကျော်ညိုသည် သွေးစစ်ကိုမြင်တာနှင့်...

"ဟိုကောင်လေး...ငါ့ကို အရက်သွားဝယ်ပေးစမ်း..."

သွေးစစ်သည် ဘာစကားမှ မပြောဘဲ အခန်းထဲကို ဝင်ဖို့ လုပ်လိုက်သည်။ ထိုအချိန်မှာ ဦးကျော်ညိုက သွေးစစ်လွယ်အိတ်ကို ဆွဲယူလိုက်ကာ အဝေးကို လွှင့်ပစ်လိုက်လေသည်။ ထိုအချိန်မှာ သွေးစစ်က တစ်ခါမှ မတုန့်ပြန်ဖူးတဲ့ ပုံစံဖြင့် ဦးကျော်ညိုကို စိုက်ကြည့်နေကာ လက်သီးကိုလည်း တင်းနေအောင်ဆုပ်ထားလိုက်မိသည်။

WRONGWhere stories live. Discover now