သင်္ကြန်အကြိုနေ့က ခက်ထန်နဲ့ သွေးစစ် နောက်ဆုံးတွေ့ခဲ့ကြတာဖြစ်သည်။ သင်္ကြန်ပြီးလို့ သွေးစစ်က ခက်စစ်လေးဆီအလည်သွားခဲ့ပေမယ့် တံခါးသော့ခတ်ထားတဲ့ အိမ်ကိုသာ တွေ့ခဲ့ရသည်။ သွေးစစ်လည်း အမေ့ကိုပြန်မေးကြည့်တော့ သူတို့တစ်အိမ်လုံး ဧကရီတာဝန်ကျတဲ့နယ်ကို အလည်အပတ်လိုက်သွားကြတာတဲ့လေ။ သူတို့က အဲ့ဒီလောက်တောင် ရင်းနှီးနေခဲ့ကြတာလားဟု ကျွန်တော်မယုံကြည်နိုင်စွာ ရေရွတ်မိသည်။
ကျွန်တော်ကတော့ ရပ်ကွက်ထဲက အိမ်လေးတွေမှာ စာသင်ရင်း၊ ဦးရဲရဲ့ ကားဝပ်ရှော့မှာလည်း ကူရင်းနဲ့ အောင်စာရင်းထွက်မယ့်အချိန်ကို စောင့်နေခဲ့သည်။ တစ်ခါတစ်ခါ မန်ကျည်းပင်အောက်မှာသွားထိုင်နေတတ်ပြီး ရင်မောရသည်များကို မျက်ရည်ကျစေကာဖြင့် စိတ်ကိုဖြေဖျောက်ရသည်။ အိမ်မှာလည်း အိပ်ချိန်ကလွဲပြီး မနေချင်တော့တာကြောင့် အလုပ်မရှိရင်တောင် တစ်ယောက်တည်းလျှောက်သွားနေမိသည်။ အိမ်မှာနေရင်လည်း ဦးကျော်ညိုနဲ့ ပြဿနာတက်ရစမြဲ။
ဦးကျော်ညိုကပြောပါသေးတယ်။ မင်းအားကိုးရတဲ့ မင်းသူငယ်ချင်းမရှိတော့လို့ အဆင်မှပြေရလားဆိုပြီး ခနဲ့တဲ့တဲ့ပြောပါသေးတယ်။
ကျွန်တော်မှာ ကိုယ်လည်းနာရ စိတ်လည်းနာကျင်ရဖြင့် အလူးအလဲပါပဲ။
_____________________________
ဆယ်တန်းအောင်စာရင်းထွက်တော့ ကျွန်တော် ဂုဏ်ထူးလေးဘာသာနဲ့ စာမေးပွဲအောင်ခဲ့သည်။ ခက်ထန်က ဂုဏ်ထူးမပါပေမယ့် သူလည်းအောင်ခဲ့သည်။ ကျွန်တော်ခက်ထန်နဲ့ အဆက်အသွယ်ပြတ်နေခဲ့တာ နှစ်လကျော်ပြီ။ သူနေများကောင်းရဲ့လားလို့ ကျွန်တော်စိတ်ပူနေရသည်။ သူကျွန်တော့်ကိုရော သတိရရဲ့လားလို့ ကျွန်တော်တွေးရင်း မျက်ရည်ဝဲရပြန်သည်။
ကျွန်တော်ဆယ်တန်းအမှတ်စာရင်းထွက်တော့ ဆေးကျောင်းတက်ရန် အမှတ်က ပြည့်မှီခဲ့ပေမယ့် ကျွန်တော်ကျောင်းတက်ဖို့ ငွေကြေးက မပြည့်မှီခဲ့ပါ။ ကျွန်တော်စိတ်ဓာတ်ကျလွန်းလို့ ဦးကျော်ညိုအရက်ဝယ်ခိုင်းရင် ကျွန်တော့်အတွက်ပါ ဝယ်လာပြီး သောက်တတ်နေမိသည်။
YOU ARE READING
WRONG
Romanceငါတို့အချစ်ကမှန်ခဲ့ပေမဲ့.... ငါတို့အတွေးတွေမှားခဲ့သောအခါ.... Poster By-Colourful Craft Light