နွေရာသီကျောင်းပိတ်ရက်တွေသည် သွေးစစ်အတွက်တော့ ခက်ထန်နဲ့ ပိုနီးကပ်လာရသည့် အခြေအနေဖြစ်လာခဲ့ရသည်။ ခက်စစ်လေးကို အိမ်မှာခေါ်ပြီးစာသင်ချင်တဲ့ သွေးစစ်ဆန္ဒတွေ မပြည့်ခဲ့ရပါ။ ခက်ထန်တို့အိမ်မှာပင် သွေးစစ်စာသင်ပေးဖို့ဖြစ်လာရသည်။
တစ်နေ့......
"မင်း လက်ရေးတွေက တကယ်လှတာပဲ ခက်စစ်ရဲ့ ...."
သွေးစစ်ရဲ့ ချီးကျူးစကားကို ခက်စစ်လေးက သဘောတကျဖြင့် ရယ်ကာ စာကို ဆက်ရေးနေလေသည်။
"ကိုကြီးသွေးစစ်"
"ပြောပါ ဗျာ..."
"ကိုကြီးသွေးစစ်က ဘာလို့ဆရာဝန်ဖြစ်ချင်တာလဲ...."
ဒီကလေးက သွေးစစ်ရဲ့ ရည်မှန်းချက်ကို ဘယ်လိုတောင် သိနေရတာလဲ...။
"နာကျင်ရတဲ့သူတွေကို ဆေးကုပေးချင်လို့ပါကွာ...မင်းက ငါဆရာဝန်ဖြစ်ချင်တာကို ဘယ်လိုသိတာလဲ..."
ခက်စစ်လေးက သက်ပြင်းချလေသည်။
"ဒီကိုပြန်မလာခင်ကလေ ကိုကြီးခက်ထန်က သားက အဲ့ဒီအကြောင်းပဲ ပြောနေတာ နားကိုညီးလို့လေ...."
ခက်ထန်က ငါ့အကြောင်းတွေ ပြောနေခဲ့တာလဲ...အခြားရော ဘာတွေများ....
"မင်းကိုကြီးက အခြားဘာတွေပြောသေးလဲ..."
"အများကြီးပါပဲ သားကို ပုံပြင်ပြောပြမယ်ဆိုပြီး ပြီးရင် ကိုကြီးသွေးစစ်အကြောင်းတွေချည်းပဲ..."
သွေးစစ်နှုတ်ခမ်းထောင့်လေးဟာ အလိုလိုတွန့်ကွေးသွားရသည်။ သွေးစစ်ရဲ့ ထပ်ပြီးသိချင်စိတ်ကြောင့် ....
"ငါ့ မကောင်းကြောင်းတွေပြောတာလား...."
ခက်စစ်လေးက ခေါင်းလေးစောင်းလိုက်ကာ စဉ်းစားဟန်ဖြင့်....
"မကောင်းကြောင်းတော့ မဟုတ်လောက်ပါဘူး...သူပြောသမျှက ကိုကြီးသွေးစစ်က ချစ်ဖို့ကောင်းတယ်တဲ့ စိတ်တိုရင် ပိုပြီးချစ်ဖို့ကောင်းတယ်တဲ့..."
ခက်ထန်....မင်းဟာလေ ကလေးကို ဘာတွေသွားပြောထားတာလဲ ....
သွေးစစ်ရင်ထဲ ကြည်နူးဒေါသတွေရောထွေးနေကာ ပါးတွေလည်း ရဲတက်လာမိသည်။
YOU ARE READING
WRONG
Romansငါတို့အချစ်ကမှန်ခဲ့ပေမဲ့.... ငါတို့အတွေးတွေမှားခဲ့သောအခါ.... Poster By-Colourful Craft Light