Episode-2

382 28 6
                                    


"လဲ့ယမုံက မင်းကိုကြိုက်နေတာကို မင်းမသိဘူးလား...။"

"ငါ သိတယ်လေ..။"

"အဲ့ဒါဆိုရင် မင်းကသူ့ကိုမျှော်လင့်ချက်တွေပေးနေတာလား....။"

"ကြံကြံဖန်ဖန်ကွာ ငါက သူ့ကို စိတ်ကို မဝင်စားဘူး..။"

"ငါက မင်းကိုစိုးရိမ်လို့ပါ ။လဲ့ယမုံက အရမ်းရဲတင်းတယ် ၊ ပိုက်ဆံ ရှိတယ် ၊ ခွဲခြားဆက်ဆံတတ်တယ်။ အဲ့ဒီလိုမိန်းကလေးမျိုးကို ငါသဘောမကျဘူး သူ့လိုမိန်းကလေးမျိုး နဲ့ ငါ့သူငယ်ချင်းကိုတော့ သဘောမတူနိုင်ဘူး....။"

သွေးစစ်သည် သူ့စကားတွေကို အတည်သဘောဖြင့် ပြောပြနေပေမယ့် ခက်ထန်ကတော့ မျက်နှာကို မဲ့ရွဲ့လိုက်ကာ....

" မင်း ငါ့ကို သဘောတူမယ့် မိန်းကလေး ရော ဒီကမ္ဘာမှာရှိသေးရဲ့လား အသားမဲလို့ ၊မာနကြီးလို့၊ ရုပ်မချောလို့၊ စာညံ့လို့ နဲ့ စုံနေတာပဲ မင်းပြောမှပဲ မိန်းကလေးတွေက စိတ်ဝင်စားစရာ မရှိတော့သလိုပဲ...။"

"ဟုတ်တယ်လေ ငါကအမှန်ကိုပြောနေတာလေ မင်းကဘာကိုနာနေတာလဲ...။"

"ဘာကိုမှ မနာပါဘူး...။ဒါပေမယ့် မင်းအခုလို ငါ့ကို ဘယ်မိန်းကလေးနဲ့ မှ သဘောမတူဘဲ သဝန်တိုနေတာကို ငါသဘောကျတယ်.. ။ငါသဘော မကျတာက မင်းငါ့ကို သဝန်တိုတာကို ဝန်မခံတာကိုပဲ ..။"

ခက်ထန်က အရင်နှစ်ကထက် ပြောင်းလဲလာတယ် ။တစ်ခါတစ်လေ သူပြောလိုက်တဲ့ စကားတွေက ဘယ်အတိုင်းအတာနဲ့ ဘယ်အဓိပ္ပါယ်ကို သက်ရောက်သွားလဲ သူသိရဲ့လား။ ထမင်းဘူးထဲက ပဲပြုတ်ကြော်တစ်ဇွန်းမောက်မောက်ကို ခပ်ယူလိုက်ကာ ခက်ထန် ထမင်းဘူးထဲသို့ ထည့်ပေးလိုက်သည်။

"မင်းပါးစပ်ပိတ်ပြီး ထမင်းစားလိုက်တော့ နားညီးတယ် ..။"

ဘာအကြောင်းကြောင့်မှန်းမသိ သူတို့ကြား အခုလို တိတ်ဆိတ်ခဲ့ရတာတွေ မနည်းတော့ပါ။

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

စနေကျောင်းပိတ်ရက်တွင် ခက်ထန်သည် သွေးစစ်နဲ့ စက်ဘီး လျှောက်စီးမယ်လို့ ချိန်းထားတာကြောင့် ဆုံနေကြ လမ်းထိပ်က အုတ်ခုံမှာ စောင့်နေတော့သည်။ အချိန်အတော်ကြာသည့်တိုင်အောင် သွေးစစ်က ရောက်မလာပါ။ ခက်ထန်လည်း ဖင်ပူအောင်ထိုင်မနေနိုင်တော့ဘဲ သွေးစစ်လာမယ့်လမ်းကိုသာ လှမ်းလှမ်းကြည့်နေတော့သည်။ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်ဖြင့် ခက်ထန်တစ်ယောက် စိတ်ထဲအလိုမကျတော့ပါ။ အချိန်တိကျတတ်သော သွေးစစ်က ဘာလို့ နောက်ကျနေရတာပါလိမ့်လို့ တွေးမိနေတော့သည်။

WRONGWhere stories live. Discover now