Episode - 14

23 4 0
                                    

သွေးစစ်က ခင်စံပယ်ကို ‌တောင်းပန်စကားပြောလိုက်ကာ ခက်ထန်အနောက်ကို လိုက်လာခဲ့သည်။ ခက်ထန်ကတော့ တရှူးတရှူးတရှဲရှဲဖြင့် ဒေါသထွက်နေခဲ့သည်။ ကျောင်းအနားပတ်ဝန်းကျင်က ပန်းခြံတစ်ခုကို ခက်ထန်နှင့်သွေးစစ်ရောက်လာခဲ့ကြသည်။

ခက်ထန်က စိတ်ရှုပ်ရှုပ်ဖြင့် နဖူးပဲ‌ဝဲကျလာတဲ့ ဆံပင်တွေကို သပ်တင်လိုက်သည်။ ခက်ထန်လက်ဖမိုးမှ ဒဏ်ရာတွေကို သွေးစစ်မြင်ပြီး ခက်ထန်လက်ကို လှမ်းဆွဲယူလိုက်တော့သည်။

"မင်း...ဒါဘာဖြစ်တာလဲ...."

ခက်ထန်က သွေးစစ်စကားမဆုံးသေးခင်မှာပင် လက်ကို ပြန်ရုတ်လိုက်သည်။

"မင်းနဲ့ အဲ့ဒီကောင်မလေးက ဘာ‌တွေလဲ..."

သွေးစစ်လည်း ကျစ်ဟုအသံထွက်မိကာ ခက်ထန်ကို စိတ်ရှုပ်သလို ပြန်ကြည့်လိုက်သည်။

"ငါမေးနေတယ်လေ ....မင်းနဲ့သူကဘာတွေလဲလို့..."

လည်ပင်းကြောတွေပါ ပေါ်လာတဲ့အထိ ခက်ထန်အသံက ကျယ်ကာ မာနေခဲ့သည်။

"ငါ ရည်းစားထားမလို့..."

"မထားရဘူး...မင်းစာကိုပဲ မင်းလုပ်လို့မရဘူးလား..."

တော်တော်ကိုတရားကျစရာကောင်းနေပါရောလား။ သူကျရည်းစားထားပြီး ကျွန်တော် ကျမရဘူးတဲ့လား။ သွေးစစ်သည် လှောင်ရယ်ရယ်လိုက်မိသည်။

"မင်းက ဘာအခွင့်ရှိလို့ လာတားနေတာလဲ..."

ခက်ထန်နှုတ်ဆိတ်သွားကာ မျက်ရည်တွေဝဲတက်လာသည်။

"ငါပြောပြီးသားပဲ ငါတို့က သူငယ်ချင်းမဖြစ်နိုင်တော့ဘူးဆိုတာ၊ အဲ့ဒီတော့ ကိုယ့်စည်းနဲ့ကိုယ်နေကြပြီး ဝင်မစွက်ဖက်ဘဲ နေကြရအောင်..."

သွေးအေးအေးပင် သွေးစစ်ကပြောလာပေမယ့် ခက်ထန်ရင်ထဲ ပူလောင်နေခဲ့သည်။ ဒီလိုနဲ့ ဘာစကားမှပင် ဆက်မပြောဖြစ်ကြတော့ဘဲ သပ်သပ်စီလမ်းခွဲကာ ပြန်လာခဲ့ကြသည်။

ခက်ထန်တစ်ယောက် ဧကရီ့ဆေးခန်းသို့ ရောက်လာခဲ့သည်။ မျက်နှာမကောင်းစွာ ရောက်လာတဲ့ ခက်ထန်ကြောင့် ဧကရီက ဆေးခန်းကို သူငယ်ချင်းဖြစ်သူနဲ့ ထားခဲ့ကာ ခက်ထန်နဲ့ အတူထွက်လာခဲ့သည်။

WRONGWhere stories live. Discover now