သွေးစစ်စကားကို ပြန်မဖြေနိုင်ဘဲ ခက်ထန်မျက်ရည်တွေသာကျလာမိသည်။
"ငါလည်း...မသိတော့ဘူးကွာ.. ငါ့စိတ်တွေ အရမ်းကိုရှုပ်ထွေးနေပြီ..."
"မင်း သိလာမယ့်တစ်နေ့ကို ငါစောင့်နေမယ်..."
သွေးစစ်က အုတ်ခုံမှ ထလိုက်ကာ ပြန်ဖို့လုပ်သည်။ ခက်ထန်က သွေးစစ်လက်ကို လှမ်းဆွဲထားလိုက်ကာ...
"ဒီည...ငါ့အိမ်မှာ လိုက်အိပ်.. ဦးကျော်ညိုနဲ့ ထပ်တွေ့နေရင် ပိုဆိုးနေမယ်..."
"မလိုဘူး ခက်ထန်...ငါ့အိမ်ပဲပြန်မယ်.."
"တောက်...ငါက မပြန်နဲ့ဆို မပြန်နဲ့ပေါ့ကွာ ဒီညငါ့အိမ်မှာပဲ အိပ်..."
ခက်ထန်က သူဖြစ်ချင်ရာသာ ပြောပြီး သွေးစစ်ရဲ့ လက်ကောက်ဝတ်ကို ကိုင်ထားတဲ့ လက်ကို အောက်ဘက်သို့ လျှောကာ သွေးစစ်လက်ဖဝါးလေးကို ဆုပ်ကိုင်လိုက်ပြီး ဆွဲခေါ်သွားလေသည်။
ငါ့မှာ မင်းကို ငြင်းဆန်နိုင်တဲ့ ညင်တွေ ပါမလာခဲ့ဘူး ထင်ပါတယ်....။
နှစ်ယောက်လုံးက ခက်ထန်အိမ်သို့ရောက်လာကြသည်။ ဒေါ်မိုးယုက သွေးစစ်ပါလာတာ မြင်တော့ ပြာပြာသလဲထွက်ကြိုလေသည်။
"ကျော်ညိုတစ်ယောက်နဲ့တော့ ခက်ပါတယ်..မဝင်းလည်း ဘယ်လောက်တောင် စိတ်ဆင်းရဲနေလိုက်မလို့..."
"သွေးစစ်က ဒီည ဒီမှာ အိပ်မှာ အမေ..."
"ကောင်းတယ် ကောင်းတယ် သားလေး အေးဆေးနားနော် သားတို့စားဖို့ အမေထမင်းပြင်လိုက်ဦးမယ်"
ဒေါ်မိုးယုထွက်သွားတော့မှ ခက်ထန်က လိမ်းဆေးတွေယူလာကာ သွေးစစ်ကို ဆေးထည့်ပေးလေသည်။ သွေးစစ်နဖူးက သွေးတွေကို သုတ်ပြီး ခက်ထန်က ဆေးထည့်ပေးရင်း စစ်မှာစိုးလို့ မှုတ်ပေးနေလေသည်။ နီးကပ်နေတဲ့ မျက်နှာနှစ်ခုကြောင့် တစ်ယောက်နဲ့တစ်ယောက် ကြည့်မိနေကြသည်။
"ခက်စစ်ရော..."
သွေးစစ်က အရင် စကားစပြောပြီး ထိုအခြေအနေမှ ရုန်းထွက်လိုက်လေသည်။
"အိပ်နေလောက်ပြီပေါ့..."
"အင်း..."
________________________________
YOU ARE READING
WRONG
Romanceငါတို့အချစ်ကမှန်ခဲ့ပေမဲ့.... ငါတို့အတွေးတွေမှားခဲ့သောအခါ.... Poster By-Colourful Craft Light