Episode - 11

30 2 0
                                    

"ဟွန့်......ဒီမိန်းမကြီးက ရောက်နေပြန်ပြီ..."

လဲ့ယမုံရဲ့ မကျေမနပ်ပြောဆိုပုံကို ကျွန်တော်ကိုယ်ချင်းစာမိနေပြီထင်ပါတယ်။ ကျွန်တော့်ခြေလှမ်းတွေ နှေးကွေးစွာဖြင့် ခက်ထန်အနားကို လျှောက်သွားလိုက်သည်။ နာကျင်လွန်းတဲ့ ဝေဒနာကို အံကြိတ်ခံနေရတဲ့ ခက်ထန်ကို ကျွန်တော်မကြည့်ရက်နိုင်ခဲ့ဘူး။

ဧကရီက ‌သွေးစစ်တို့ကို လှမ်းကြည့်လိုက်ရင်း ခြေထောက်မှာ ဖိနပ်မပါလာတဲ့ သွေးစစ်ကို သတိထားမိကာ ပိုပြီး စူးစိုက်ကြည့်မိသည်။ ဝမ်းနည်းစိုးရိမ်နေတဲ့ သွေးစစ်မျက်ဝန်းတွေကို မြင်ရပြီး ဧကရီစိတ်ထဲ အတွေးများစေခဲ့ရသည်။

ဒေါ်မိုးယုနှင့် ခက်စစ်လေးက ဆရာဝန်နှင့်အတူ ‌ပြန်ရောက်လာလေသည်။

"ဆရာ ကျွန်မတို့ သူငယ်ချင်းဘာဖြစ်တာလဲဟင်..."

လဲ့ယမုံမှ မေးပေးလိုက်တာကို ကျွန်တော်ကျေးဇူးတင်မိတော့မလိုပင်။

"ကျောက်ကပ်မှာ ကျောက်တည်နေတာပါ၊ ကျောက်တည်နေတာက နည်းနည်းကြီးတော့ ခွဲစိပ်ဖို့တော့ လိုမယ်.."

"ရှင်..."

ဒေါ်မိုးယုဆီက ထွက်လာတဲ့ အာမေဍိတ်ကို ကျွန်တော်မအံ့ဩမိပါ။ ကျွန်တော်တို့အတွက် ခွဲစိပ်စရိတ်ကို ဘယ်ကရှာရပါ့မလဲ။ နာကျင်လွန်းလို့ မျက်ရည်တွေပါစီးကျနေတဲ့ ခက်ထန်ကို မြင်ရတာ တော်တော်ကို ပင်ပန်းမိသည်။

"ကျွန်တော့်ကို သောက်ဆေးလေးပဲ ပေးလို့မရဘူးလား..."

"အို...ဆရာဝန်က လိုအပ်လို့ ပြောတာကို ခွဲစိပ်ရမှာပေါ့..."

"ဒါပေမယ့် သမီးရယ် အမေတို့က..."

"အဲ့ဒီအတွက်တော့ မပူပါနဲ့ အမေရယ်...ခက်ထန်သက်သာသွားဖို့က ပိုအရေးကြီးတယ်လေ ဆေးကုသစရိတ်တွေအကုန်လုံးကို သမီးကူညီပါမယ်..."

ကျွန်တော့်လက်သီး တင်းတင်းဆုပ်ထားလိုက်မိသည်။

"မဟုတ်တာ သမီးရယ် ပိုက်ဆံတွေ အများကြီးကုန်မှာ အမေတို့ မယူရက်ပါဘူး.."

"လက်ခံလိုက်ပါနော် ခက်ထန်သက်သာသွားဖို့က ပိုအရေးကြီးတယ်မလား..."

WRONGWhere stories live. Discover now