Episode-1

1.2K 59 11
                                    

(၂၀၀၃)

'ချမ်းသာ'ရပ်ကွက်ထဲရှိ ဈေးငယ်တစ်ခုတွင် ဈေးရောင်းနေကြသူများနှင့် ဈေးဝယ်နေကြသူများ အမြောက်အမြားရှိကာ အလွန်စည်ကားနေတော့သည်။ ချမ်းသာရပ်ကွက်ထဲမှ ဈေးငယ်လေးတစ်ခုဖြစ်တာကြောင့် 'ချမ်းသာဈေး´လို့လည်း ခေါ်ကြသေးသည်။ အသားငါးဈေးသည်၊ အသီးအရွက်ဈေးသည်၊ မြန်မာမုန့်ရောင်းသည့်ဈေးသည်၊ မုန့်ဟင်းခါး နှင့်အသုပ်ရောင်းသည့်ဈေးသည်၊ ထမင်းဟင်းရောင်းသည့်ဈေးသည်၊ လက်ဖက်ရည်ဆိုင် ၊အအေးဆိုင် စသဖြင့် ထိုဈေးလေးက ဝယ်စရာတွေလည်းစုံလင်နေကာ ဈေးဝယ်လို့ကောင်းလှသည်။

ထိုဈေးထဲတွင် 'လရိပ်ကဖေး´ဆိုသော အလွန်နာမည်ကြီးသည့် လက်ဖက်ရည်ဆိုင်လေးလည်းရှိသည်။ ထိုလက်ဖက်ရည်ဆိုင်လေးမှာပင် မနက်စာအတွက် လူအများစုကဝယ်စားလေ့ရှိသည်။ ထိုလက်ဖက်ရည်ဆိုင်ရဲ့ မျက်နှာချင်းဆိုင်မှာတော့ အကြော်အစုံရသည့် "ဒေါ်မိုး" ဆိုတဲ့ ဆိုင်လေးတစ်ဆိုင်ရှိသည်။ ထိုဆိုင်မှ အကြော်များမှာလည်း အလွန်ရောင်းရသည်။ အကြောင်းမှာ ထိုဆိုင်မှ အကြော်များသည် တစ်နေ့တစ်ခါအသစ်တွေကိုပဲ သန့်ရှင်းလတ်ဆတ်သောဆီဖြင့်သာကြော်ပြီး မနေ့ကကျန်သည့် အကြော်တွေကိုလည်း ပြန်ရောင်းလေ့မရှိတာပါ။ သန့်ရှင်းပြီးစားလို့ကောင်းတာကြောင့် အလွန်ရောင်းကောင်းသော အကြော်ဆိုင်လေးဖြစ်သည်။ ထိုအကြော်ဆိုင်လေးကို အိမ်ရှင်မတွေပဲ အဝယ်များကြတာမဟုတ်ပါ။ မိန်းကလေးငယ်လေးတွေလည်း ခဏခဏလာဝယ်စားကြသည်။

အကြောင်းအရင်းကတော့....

အကြော်ဗန်းထဲတွင် အကြော်တွေစုံလင်စွာမရသေးပေမယ့် အတော်အသင့်တော့ရှိနှင့်နေသည်။ ထပ်ကြော်နေသည့် အကြော်များလည်းရှိနေသည်။ ဆီအိုးထဲက အကြော်တွေအတွက် အောက်ကမီးဖိုထဲမှ မီးအပူရှိန်က နည်းနေသည်။

"အဲ့ဒီ အိုးထဲကအကြော်ပဲကြည့်မနေနဲ့ အောက်မှာ မီးမရှိတော့ဘူး မီးလေးဘာလေးလည်းထည့်ဦး.. လုပ်နေရတာလည်း တစ်ရက်နှစ်ရက်မဟုတ်ဘူး ဒါတောင် စောက်သုံးကမကျသေးဘူး...။"

မုန့်နှစ်နယ်နေတဲ့ အသက်သုံးဆယ်ကျော်ကျော် မိန်းမတစ်ယောက်က အကြော်ကြော်သည့် အိုးအရှေ့မှာ ထိုင်နေတဲ့ အဖြူအစိမ်းဝတ်ထား‌သော ကျောင်းသားကောင်လေးကို ဆိုင်အနောက်ကနေ လှမ်းအော်ပြောလိုက်သည်။ ထိုမိန်းမ၏ ဆူပူကြိမ်းမောင်းသံတွေကြောင့် ထိုကောင်လေးက စိတ်ရှုပ်သည့်ဟန်ဖြင့် သူ့ဆံပင်တွေကိုဆွဲဖွလိုက်သည်။ ပြီးမှ ထိုကောင်လေးက မီးဖိုထဲသို့ မီးသွေးထပ်ထည့်တော့သည်။ မီးသွေးထည့်ပြီးတော့ အကြော်အိုးကိုမီးဖိုပေါ်ပြန်တင်လိုက်သည်။

WRONGWhere stories live. Discover now