31

1.1K 195 6
                                    


ဒီတိုက်ရိုက်ထုတ်လွှင့်မှုအပြီးမှာတော့ လင်းယန်ရန်သည် ဖိန်ချုံကြောင့် နာမည်ကြီးလာရုံသာမက ဖန်အသစ်များကိုလည်း ရရှိခဲ့လေသည်။

ရေပန်းအစားဆုံးရှာဖွေမှုမှာ ရှရှင်းရှင်း၏ သူ့အိုင်ဒေါလ်သီချင်းများကို အကြိမ်ပေါင်း 3285 ကြိမ်နားထောင်ဖူးသည်ဟူသော စကားပင်ဖြစ်သည်။

အမှန်တော့ fandom များအနေဖြင့် ထိုဖြတ်ညှပ်ကပ်လုပ်ထားသည့်ဗီဒီယိုကို အချိန်မရွေးပြန်ကြည့်လိုက်သည့်အချိန်တိုင်းလိုလို တဝါးဝါးတဟားဟား ပြန်ရယ်မောရသည်အထိ ရယ်ရွှင်ဖွယ်ကောင်းသည်။

ရလာဒ်က‌တော့ မာတက်တင်းအကောင့်များက ထိုကိစ္စကိုစိတ်ဝင်စားစရာအကြောင်းအရာတစ်ခုအဖြစ်မြင်ခဲ့ပြီး ပါဝင်လာကြတာပဲဖြစ်သည်။နောက်ဆက်တွဲတိုးတက်မှုကတော့ မျှော်လင့်ထားသည်ထက်တောင် ပိုသွားခဲ့လေသည်။

ဖန် ၃သန်းရှိပြီး နိုဘယ်လ်ပစ္စည်းများကိုသာ ကျွမ်းကျင်ပိုင်နိုင်စွာ ရိုက်ကူးတင်ဆက်ပြသလေ့ရှိသည့်အင်တာနက်ဆယ်လီသမားတစ်ယောက်သည် ဒီရှာဖွေမှုစာရင်းကိုမြင်သွားပြီးနောက် အိပ်မက်မှလှုပ်နိုးခံရသလိုမျိုးခံစားလိုက်ရကာ အရည်အသွေးကောင်းမွန်ပြီး တိကျပြတ်သားသည့် ထိုဗီဒီယိုဖိုင်ကို ချက်ချင်း ဖန်တီးခဲ့ခြင်းဖြစ်သည်။

ဗီဒီယို၏ခေါင်းစဉ်မှာ ရိုးရိုးလေးပင်။၎င်းမှာ ရှရှင်းရှင်း၏ 3285 ကြိမ်ကို challenge ခေါ်နိုင် မနိုင်ဟူသည့် စာသားနှင့်ပင်ဖြစ်လေသည်...

အစကတော့ ဒီဗီဒီယိုကိုဖန်တီးခဲ့သည့်အင်တာနက်ဆယ်လီသမားသည် အမျိုးအစားမတူသောအလံအမျိုးမျိုးကိုဖန်တီးခြင်းက အချိန်ဖြုန်းနည်းတစ်မျိုးဟုယူဆကာ ပုံကြီးချဲ့စရာအဖြစ် မသတ်မှတ်ထားခဲ့ချေ။

စိန်ခေါ်မှုတရားဝင်စတင်ချိန် ရှရှင်းရှင်း၏စကားဆုံးအောင်တောင် သူနားမထောင်ခဲ့။ထို့ကြောင့် သူတပ်ခေါက်ပြီး ပြန်သွားချိန် ရှရှင်းရှင်း၏

"အစ်ကိုယန်ရန်..မင်း ကြိုးကြိုးစားစားနဲ့သီချင်းကိုမှတ်တမ်းတင်ခဲ့တာပါ"ဆိုသည့်စာကြောင်းတွေကိုလွတ်သွားခဲ့သည်။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now