32

893 165 4
                                    


လင်းယန်ရန်သည် သူ့လက်မောင်းကိုအဆွဲခံလိုက်ရသဖြင့် နောက်သို့ခြေလှမ်းအနည်းငယ်ခန့်ဆုတ်သွားခဲ့သည်။

အဆွဲခံလိုက်ရမှုကြောင့် အနည်းငယ်နောက်ဆုတ်လိုက်ရာ သူ့နောက်မှလူ၏ပခုံးနှင့် တိုက်လုနီးပါးဖြစ်သွားသည်။

ယင်းအဖြစ်အပျက်ကို ပထမဆုံးတုန့်ပြန်တာက သင်တန်းသားတွေပါပဲ။

ကုစစ်ရယ် နှင့် လင်းယန်ရန်တို့ ကိုယ်တိုင်သရုပ်ပြကြမည်မှန်းသိရှိသွားခဲ့ကြ‌သည့် သင်တန်းသားအားလုံးနီးပါးမှာ ပါးစပ်ဟောင်းလောင်းပွင့်သွားကြပြီးနောက် သူတို့၏အမူအယာများမှာလည်း တစ်စထက်တစ်စ ချဲ့ကားလာခဲ့သည်။

ဒီနေ့ သူတို့ အရမ်းကံကောင်းတာပဲ! ! !

"ဝိုးးးးး!!!"

"ကုလောင်ရှီး!!!"

"ကျွန်တော်တို့ ကြည့်ဖို့မစောင့်နိုင်တော့ဘူး!!!"

သင်တန်းသားများ၏အော်ဟစ်အားပေးသံကိုကြားသည့်အခါ လင်းယန်ရန် သူ့နောက်မှလူကို လှည့်ကြည့်လိုက်သည်။

ထိုအချိန်တွင် ကုစစ်ရယ်သည် ချောင်ယဲ့ထံမှအကြည့်ပြန်ရုတ်သိမ်းထားပြီးဖြစ်ကာ လင်းယန်ရန်ကိုကြည့်သည့်အကြည့်များထဲတွင် နူးညံ့မှုများရှိနေသည်။

"ယန်ရန်လောင်ရှီးဘက်ကရော ဘယ်လိုထင်လဲ"

ချောင်ယဲ့ နှင့် တွဲသရုပ်ဖော်မည်ကို တားဆီးလာသည့်သူက ယခုအခါတွင် ပြုံးယောင်သန်းကာ နူးညံ့စွာမေးနေခဲ့တော့......

လင်းယန်ရန်သည် ကုစစ်ရယ်၏အတွေးများအားဖြတ်ပြီး မမြင်နိုင်။သူ အံ့ဩသွားသော််လည်း ချက်ချင်းသဘောတူလိုက်သည်။

"ဒါဆို ကုလောင်ရှီးကို ဒုက္ခပေးမိပြီ"

မူလတွင် ချောင်ယဲ့နှင့် သီးခြားသရုပ်ဖော်ပြသည့်အခါ အကျိုးဆက်က ထင်သလောက် မကောင်းမှာကို စိုးရိမ်နေခဲ့ရသည်။

အခု ကုစစ်ရယ်က သူ့ကိုကူညီကာ လူတိုင်းအတွက် သရုပ်ဆောင်ပေးမည်ဖြစ်ရာ အင်မတန်မှ ရေကန်အသင့် ကြာအသင့်ဖြစ်သွားလေတော့၏ ။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now