33

1.1K 185 8
                                    

ဤတစ်ကြိမ်တွင် အဖွဲ့တစ်ခုစီအတွက် လေ့ကျင့်ချိန်များများပေးထားသောကြောင့် လင်းယန်ရန်၏စွမ်းဆောင်ရည်မှာ အထူးမြင့်မားလှသဖြင့် သုံးရက်အတွင်း သင်တန်းသားများနှင့်လိုက်လျောညီထွေဖြစ်မည့် အဆို အက နှင့် ရက်ပ်နေရာများကိုတာဝန်ခွဲကာ ပုံစံချပေးခဲ့သည်။

သင်တန်းသားများသည် ချောင်ယဲ့၏ဦးဆောင်မှုအောက်တွင် စနစ်တကျလေ့ကျင့်နေသည်ကိုတွေ့လိုက်ရသဖြင့် လင်းယန်ရန်စိတ်အေးသွားရသည်။ဒါရိုက်တာစုန့်ယင်းမင် သူ့အတွက် ရှာပေးထားသော variety show မှာ နောက်လာမည့်နှစ်ရက်အတွင်း စတင်တော့မည်ဖြစ်ရာ သူ နောက်ကြောင်းအေးအေးဖြင့် သွားနိုင်ပေတော့မည်။

ဒီ variety show ၏ နာမည်မှာ  "Unbelievable Travel" ဟုခေါ်ပြီး ခရီးသွားဖြစ်ရပ်မှန်ရှိုးတစ်ခုလည်း ဖြစ်သည်။

ဤအစီအစဉ်ကို နာမည်ကြီးလူကြိုက်များသည့် ဈေးကွက်အတွင်း ကလစ်နှိပ်ပြီးတိုက်ရိုက်ကြည့်ရှုရမည့် တိုက်ရိုက်ထုတ်လွှင့်မှုပုံစံအဖြစ် ပြသသွားမည်ဖြစ်သည်။

ရိုက်ကူးနေစဉ်အတွင်း ပရိုဂရမ်အဖွဲ့သည် မူပိုင်ခွင့်ဝယ်ယူထားသည့် ဗီဒီယိုဝဘ်ဆိုက်၏ တိုက်ရိုက်ထုတ်လွှင့်မှုပလပ်ဖောင်းတွင် ဧည့်သည်တစ်ဦးချင်းစီအတွက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွေကို စီမံပေးသွားမည်ဖြစ်သည်။

ထိုအချိန်တွင် ပရိုဂရမ်အဖွဲ့သည် ရိုက်ကွင်းမှ မြင်ကွင်းအချို့ကို အချိန်နှင့်တပြေးညီ ပြန်လည် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

သို့သော် တခြားတိုက်ရိုက်ထုတ်လွှင့်မှုများနှင့်ပြသမှုပုံစံချင်း အနည်းငယ်ကွာခြားပေလိမ့်မည်််။အနှီရိုက်ကူးရေးတွင်ရိုက်ကူးမည့်အကြောင်းအရာအကုန်လုံးအား တိုက်ရိုက်ထုတ်လွှင့်မည်မဟုတ်။နောက်ဆုံးနေ့တွင် ရိုက်ကူးထားသည့် ရိုက်ကူးမှုတစ်ဝက်ကိုသာ အရင်ဆုံးပြသထားပြီး ကျန်အပိုင်းများကို ပရိသတ်အကြိုက်တွေ့စေမည့် သည်းထိတ်ရင်ဖိုအကြောင်းအရာအဖြစ် ဖန်တီးထားမည်ဖြစ်ကာ နောက်ဆုံးအနေဖြင့် ပရိုဂရမ်အဖွဲ့၏တရားဝင်တိုက်ရိုက်ထုတ်လွှင့်ခြင်းကို တည်းဖြတ်ပြီး ပြသသွားမည်ဖြစ်သည်။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now