34

927 170 2
                                    

ဧည့်သည်တော်များထဲတွင် အသက်အငယ်ဆုံးဖြစ်သည့် ကောင်းကျီထိုက်သည် ဖန်လုံအိမ်ထဲတွင် ကြီးပြင်းလာသည့် ရိုးရိုးသားသားဖိုးသခွားလေးသာ

ဖြစ်သည်။ဖုအန်းချီနှင့် ရဲ့အန်းတို့သည် ညီအစ်ကိုကောင်းများဖြစ်ကြကာ နှစ်ဦးစလုံးချောမောကြပြီး ကလေးဆန်သည်။သူတို့နှစ်ယောက်သည် ပထမဆုံးအကြိမ်အနေဖြင့် ဒီလို variety show တွင်ပါဝင်ဖူးသည်ဖြစ်ရာ ပရိုဂရမ်အဖွဲ့၏လုပ်ငန်းစဉ်တွေက ဒီလောက်ထိ လေးနက်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

စွန်းယွဲ့ထုံသည် ဝါရင့်အမျိုးသမီးဇာတ်ဆောင်ဖြစ်သော်လည်း သရုပ်ဆောင်လောကမှအနားယူခဲ့သည်မှာ နှစ်ပေါင်းများစွာပင် ကြာမြင့်ခဲ့လေပြီ။အနှစ် နှစ်ဆယ်ကျော် ဘဝကိုသာသာယာယာနေခဲ့‌ရသဖြင့် ပရိုဂရမ်အဖွဲ့၏အန္တရာယ်များကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိ‌ခဲ့ချေ။

ချောင်ကျစ်ဖန်ကိုတော့ အထူးတလည် ပြောစရာမလိုပေ။ပန်းချီဆရာဟောင်းတစ်ယောက်ဖြစ်ပြီး မှင်သေသေနှင့်သာ နေလေ့ရှိသူတစ်ဦးဖြစ်၏ ။

လူခြောက်ဦးရှိသည့်အနက် လင်းယန်ရန်တစ်ယောက်တည်းကသာလျှင် ပရိုဂရမ်အဖွဲ့၏လုပ်ရိုးလုပ်စဉ်ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့သူဖြစ်လေသည်။

သို့သော်လည်း သူ၏ခန့်မှန်းချက်မှာ အသုံးမဝင်ခဲ့ပေ။အဆုံးတွင် ပရိုဂရမ်အဖွဲ့၏ကောက်ကျစ်သော အကြံဉာဏ်အောက် ပါသွားခဲ့သည်ပင်။

ဤပြောင်းပြန်လှန်ခြင်းဇာတ်ကွက်ကြောင့် barrage ထဲတွင် ရယ်မောခြင်းများဖြင့် ပြည့်နှက်သွားခဲ့လေသည်။

[ God...damn...ရှိုးစတဲ့အခါ လွှဲပြောင်းပေးစရာမလိုဘူး။ဒါပေမဲ့ ထမင်းစားပြီးတာနဲ့ ထုံးစံအတိုင်း ခရီးဆောင်အိတ်တွေကို ဒါရိုက်တာဆီ လက်လွှဲပေးရမယ်]

[ဒါရိုက်တာ- မင်းတို့ရဲ့နေ့လည်စာအတွက် ငါရှင်းပေးမယ်။ဒါပေမဲ့ မင်းတို့စားပြီးတာနဲ့ မသိမ်းဘူးလို့ ငါမပြောခဲ့ဘူး]

[ဧည့်သည်- ပရိုဂရမ်အဖွဲ့ရဲ့လမ်းစဉ်အတိုင်း ငါလျှောက်မိတာပဲ]

[နေထိုင်မှုစားရိတ်က အနုတ်ပြနေပြီ...ဟားဟားဟားဟားဟား....အကြွေးဆပ်ဖို့ ကိုယ့်ရတနာကိုယ်ရောင်းစားရတော့မှာလား]

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now