35

1K 194 5
                                    

စိတ်ဝင်စားစရာအကြောင်းအရာများအားလုံးကို တစ်ကြိမ်တည်းအပြီးတိုက်ရိုက်ထုတ်လွှင့်လိုက်ပါက feature film ကိုထုတ်လွှင့်သည့်အခါ ပရိသတ်များအတွက် အံ့ဩလောက်ဖွယ်အချက်အလက်များ ရှိတော့မည်မဟုတ်။ဒီလိုသာဆို ရုပ်သံလိုင်းတွေ video website တွေမှာထုတ်လွှင့်တဲ့အခါ ကြည့်ရှုသူတွေရှိပါဦးမလား။

ဒါရိုက်တာက လိမ္မာပါးနပ်စွာပြုံးလိုက်သည်။

သိတဲ့အတိုင်းပဲ တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ link က ရပ်တန့်သွားသည်။သို့သော် ပရိသတ်များ၏အစာစားချင်စိတ်ကိုပိုများလာသည့်အခါတွင်မူ

သူ့ဘေးနားရှိ ဝန်ထမ်းတွေက OK ဟူသောအမူအယာပြလာတာကိုမြင်လျှင် ဒါရိုက်တာက လင်းယန်ရန်တို့အဖွဲ့၏ပရိဘောဂပစ္စည်းတွေထည့်ထားသည့်တွန်းလှည်းကို ဖြည်းညှင်းစွာ တွန်းလာဖို့ အချက်ပြလိုက်သည်။

"ဒီနေ့ မင်းတို့ရဲ့ရောင်းချမှုက မအောင်မြင်ဘူးဆိုရင်တော့ ဒီည ညစာကို ကိုယ့်ဘာသာကိုယ်ပဲ စီစဉ်ရမယ်။ပြီးတော့ ညဘက်မှာလည်း အကြွေးဆပ်ဖို့ ထပ်ပြီးအလုပ်လုပ်ရမယ်"

တိုက်ရိုက်ထုတ်လွှင့်မှုကင်မရာကို ပိတ်ထား သော်လည်း ရိုက်ကူးမှုအား ဆက်လက်ပြုလုပ်ခဲ့သည်။

ဒါရိုက်တာ၏ နောက်ဆုံးထုတ်ပြန်တဲ့ စည်းမျဉ်းစည်းကမ်းကိုကြားသည့်အခါ အမှန်တရားကိုမသိသေးသည့် အခြားဧည့်သည်တော် လေးဦးက ချက်ချင်းဆိုသလို နိုးကြားသွားသည်။

သေစမ်း...ဒါကြီးက ဘယ်လိုစည်းမျဉ်းစည်းကမ်းမျိုးလဲ!!!

သူတို့သာကျရှုံးခဲ့ပါက ဒီလိုအေးတဲ့ညအချိန်အခါရာသီဥတုမျိုးမှာ ညစာမစားရရုံသာမက အကြွေးဆပ်ဖို့ အလုပ်ထပ်လုပ်ရဦးမယ် ? ?

ဘယ်မလဲ ကောင်းကင်ရဲ့ဥပဒေ ....ဘယ်မလဲ ဘုရင့်ရဲ့ဥပဒေ ! !

ဒါရိုက်တာ၏ပြောတော့မလိုလို မပြောတော့မလိုလိုပုံစံကိုကြည့်ပြီး စွန်းယွဲ့ထုံကအထိတ်တလန့်ဖြင့် မေးလိုက်သည်။

"ဒါရိုက်တာ၊ ရှင် ဘာလို့ မကြေညာသေးတာလဲ"

ဖုအန်းချီသည် သူမ၏လက်ချောင်းလေးများကိုဆန့်ထုတ်ပြီး ဘယ်ဘက်လက်ကိုစတင်အသုံးပြုကာ လက်ချောင်လေးတွေကိုကွေးပြီး တွက်ချက်နေသည်။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now