Chapter 135
ထို့နောက် သူက ဝူရှင်းယွမ်ကို ဆိုလိုက်သည်။
"မင်းရဲ့ အနုပညာရှင်ကို ဘယ်လို လေ့ကျင့်ပေးပြီး ဘယ်လို ပျိုးထောင်နေတာလဲ... မယဉ်ကျေးလိုက်တာ... သူက ဒီလိုဖြစ်နေရင် အပြင်မှာ သူမပြောသင့်တာ တစ်ခုခုပြောပြီး ရှင်းရီကို အရှက်ရစေရင် ဘယ်လိုလုပ်မလဲ..."
လင်းလော့ချင်းက ရယ်လိုက်လေသည်။
"အထွေထွေမန်နေဂျာ ချန် ကျွန်တော်အပေါ်ကို အဲ့လိုမျိုး ဧရာမ အိုးမဲကြီး ပစ်ထုတ်ဖို့ မလိုပါဘူး... ဖန်ရှန့်ကျယ်က ရှစ်ကျန်းကို မကြိုက်လို့ ခင်ဗျားလည်း သူ့ကို မကြိုက်တာ ဟုတ်သလားဆိုတာပဲ ပြောပါ... ခင်ဗျားက သူရှင်းရီကိုဝင်လာဖို့ မလိုချင်သလို သူ့မှာ အရည်အချင်း ရှိမရှိဆိုတာလဲ လုံးဝ ဂရုမစိုက်ဘူးမလား... သူကို အရင်က သဘောတူထားပြီးပြီဆိုရင်တောင် အခုမှ ပြန်ပြီး ရုပ်သိမ်းချင်နေတာမလား...""လင်းလော့ချင်း မင်းနေရာကို မင်းသိတာ ပိုကောင်းလိမ့်မယ်... ငါ့ကို မေးခွန်းထုတ်ရအောင် မင်းမှာ ဘာ အခွင့်ရှိလို့လဲ..."
"အဲ့တော့ ကျွန်တော်ပြောတာ မှန်တယ်မလား အထွေထွေ မန်နေဂျာ ချန်..."
ချန်လီဝေ့က ရယ်ကာ ဝူရှင်းယွမ်ကို ကြည့်လိုက်သည်။
"သူအတွက် လောလောဆယ် ဘာအစီအစဉ်တွေရှိလဲ... အကုန်လုံးကို သုံးလ ရွေ့ဆိုင်းထားလိုက်... သူ့ကိုယ်သူ ချင့်ချိန်ပြီး ပြန်သုံးသပ်ပါစေ... ကိုယ့်နေရာကိုယ် မသိပဲ ရဲတင်းလွန်းနေတာ..."ဝူရှင်းယွမ် - ...
ဝူရှင်းယွမ်က ရိုးသားစွာ ဆိုလိုက်သည်။
"ကျွန်တော်မှာ အဲ့အခွင့်မရှိဘူး...""ငါမင်းကို လုပ်ခွင့်ပေးတယ်..."
"ခင်ဗျားမှာလဲ အဲ့အခွင့်မရှိမှာ ကျွန်တော်စိုးတယ်..."
ဝူရှင်းယွမ်က သူ့ကို ကြည့်လိုက်လေသည်။ချန်လီဝေ့က လှောင်ပြုံးလိုက်သည်။
"ဘာ... သူက ကောင်းကင်ဘုံဘုရင် လောင်ကျူနဲ့ အမျိုးတော်နေလို့လား... ငါ့မှာ အခွင့်မရှိဘူး ဟုတ်လား... ငါက ငါ့ကိုယ်ပိုင် ကုမ္ပဏီအောက်က အနုပညာရှင်တွေကို စည်းကမ်း သတ်မှတ်နေတာ... ငါ့မှာ ဘာအခွင့်မရှိရမှာလဲ..."
YOU ARE READING
ငါက ဗီလိန်ရဲ့ပါပါး (ဘာသာပြန်)
RomanceI am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .