Chapter 134
သူတွေးနေစဉ်မှာပင် ဝူရှင်းယွမ်၏ ဖုန်းက လင်းလာလေသည်။ ဝူရှင်းယွမ်က ခေါင်းငုံ့လိုက်ရာ ချန်လီဝေ့ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
အခု ဒီလူက သူ့ကို ဖုန်းခေါ်လာတာကိုကြည့်ရတာ ဖန်ရှန့်ကျယ်က သူ့ကို ဖုန်းခေါ်လိုက်ပြီးလို့ ဖြစ်ရမယ်...
ဝူရှင်းယွမ်က ထပ်မံ ပြောစရာမဲ့သွားလေသည်။ သူက အထွေထွေမန်နေဂျာတစ်ယောက်အနေဖြင့် မှင်စာလေး ဖန်ရှန့်ကျယ်နှင့် တွဲနေခြင်းအပေါ် ချန်လီဝေ့အား အမှန်တကယ်ပင် နားမလည်ပါပေ။
သူက ရုပ်ရည် ချောမောသော်လည်း ချန်လီဝေ့မှာ ကိုယ်ရေးကိုယ်တာကိစ္စများအား အလုပ်ကိ္စ္စများဖြင့် မခွဲခြားနိုင်လောက်သည်အထိ မဖြစ်သင့်ပါပေ။
သူက တကယ်ပဲ ကုမ္ပဏီကို ဒီလိုမျိုး ကိုင်တွယ်နေတာလား...ဝူရှင်းယွမ်က ဖုန်းဖြေလိုက်လေသည်။
"ဟယ်လို အထွေထွေ မန်နေဂျာ ချန်...""ရှောင်ဝူ... မင်းစာချုပ်ချုပ်ချင်တဲ့ ရှစ်ကျန်းလေ... မင်း သူနဲ့ စာချုပ်ချုပ်ပြီးပြီလား..."
"ဟုတ်..."
ဝူရှင်းယွမ်က ဆိုလိုက်သည်။"ပြီးတောင်သွားပြီလား..."
ချန်လီဝေ့က မကျေမနပ်ဆိုလိုက်သည်။
"မင်းက တော်တော် မြန်တာပဲ...""မန်နေဂျာက အဆင်ပြေတယ်ဆိုလို့ ကျွန်တော်လည်း စာချုပ်ချုပ်လိုက်တာပါ..."
"ဟုတ်ပါပြီ... မင်းက သူ့နဲ့ စာချုပ်ချုပ်ပြီးပြီဆိုတော့ ထားလိုက်ပါတော့... ရှေ့လျှောက်ကို သူ့အတွက် ဘာမှ မစီစဉ်ပေးနဲ့... သူ့ကို နောက် ၃နှစ်ကနေ ၅နှစ်အထိ လျစ်လျူရှုထားလိုက်... အချိန်ရောက်ရင် သူ့ကို သွားခိုင်းလိုက်တော့..."
ဝူရှင်းယွမ် - ...
"အဲ့ဒါက ဘာကိုဆိုလိုတာလဲ အထွေထွေ မန်နေဂျာ ချန်..."
"ငါပြောသလိုသာလုပ်ပါ..."
ချန်လီဝေ့က အေးစက်စွာ ဆိုလိုက်သည်။
"ဘာပဲဖြစ်ဖြစ် သူက အရေးမှမကြီးတာ... အရင်က သူက ဇာတ်ပို့နေရာတွေပဲ သရုပ်ဆောင်ခဲ့တာလေ... သူက အခုလောလောဆယ် အေးအေးဆေးဆေးနေရတာ ဘာမှမဖြစ်ပါဘူး... သူမကျေနပ်ရင် အလျော်ပေးပြီး ထွက်သွားလိမ့်မယ်..."
YOU ARE READING
ငါက ဗီလိန်ရဲ့ပါပါး (ဘာသာပြန်)
RomanceI am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .