(1)

304 17 0
                                    

(Unicode)

ဆောင်းဟွန်း သေတ္တာထဲမှ စာကြည့်မီးအိမ်လေးကိုထုတ်၍ စားပွဲပေါ်တင်လိုက်ပြီးသည့်နောက် သူ၏ အခန်းနေရာချထားရေးမှာ ပြီးစီးသလောက်ဖြစ်သွား၏။ သူ လေပူတစ်ချက်မှုတ်ထုတ်လိုက်ကာ နားသယ်မှချွေးစလေးများကို တစ်ရှုးဖြင့် သုတ်ရင်း သူ့အသစ်စက်စက် အိပ်ခန်းလေးကို တစ်ချက်ကြည့်လိုက်မိသည်။ သူက သပ်သပ်ရပ်ရပ်နှင့် စည်းစနစ်ကျ နေတတ်သူမို့ အခန်းထဲတွင် ရှုပ်ယှက်ခတ်နေသည့် ပစ္စည်းများများစားစား မရှိလှပါ။ သူ ကျေနပ်စွာ သွားစွယ်လေးများပေါ်သည်အထိ သဘောတကျ ပြုံးလိုက်မိသည်။

"ဒီလောက်ဆို မဆိုးပါဘူးလေ"

ဆောင်းဟွန်းတို့မိသားစုမှာ ယနေ့တွင်မှ အိမ်အသစ်ပြောင်းလာကြခြင်းဖြစ်သည်မို့ တစ်နေ့လုံး နေရာချထားရေးလုပ်ငန်းများနှင့် အလုပ်ရှုပ်နေရလေသည်။ သူ ပြတင်းတံခါးမှန်များမှတစ်ဆင့် အပြင်သို့ လှမ်းကြည့်မိတော့ ကောင်းကင်ပြင်ကြီး၌ နီရဲရဲနေလုံးကြီးပင် ကွယ်ပျောက်လုဖြစ်နေပြီ။ အချိန်တွေက ကုန်တာမြန်တာပဲ။

သူရေမိုးချိုးရန် တွေးနေစဥ် အဖြူရောင်လုံးလုံးလေးတစ်ကောင်က အသံပေးကာ အခန်းထဲရောက်လာသည်။ ဆောင်းဟွန်း သိတာပေါ့။ ဒါက ဂါအူးလ် လမ်းလျှောက်ထွက်ချိန် ရောက်ပြီမို့ သူ့ကို လာခေါ်နေတာ။

"ဂါအူးလ်လေး ပျင်းနေပြီလား?"

ဂါအူးလ်မှာ အမြှီးကလေးနှံ့လျက် သူ့ထံ တ၀ုတ်၀ုတ်ဟောင်ကာ တုန့်ပြန်လေသည်။ ဆောင်းဟွန်းလည်း အသစ်ရောက်လာသည့် ရပ်ကွက်ထဲ တစ်ပတ်လောက် ပတ်ကြည့်ချင်သည်မို့ ခပ်မြန်မြန် သိုင်းကြိုးလေးယူလိုက်တော့သည်။

"သွားကြရအောင် ဂါအူးလ်! နေရာသစ်က ဘယ်လိုဖြစ်မလဲလို့ လျှောက်ကြည့်ရအောင်"

ဆောင်းဟွန်းတို့ ပြောင်းလာခဲ့သည့် ရပ်ကွက်သစ်ကလေးမှာ တိတ်ဆိတ်ငြိမ်သက်လျက် အလွန်နေချင့်စဖွယ်ကောင်းသော ဆိတ်ငြိမ်ရပ်ကွက်ကလေးတစ်ခုဖြစ်လေသည်။ ခြံ၀န်းကျယ်ကျယ်၊ ချစ်စဖွယ် အိမ်ကလေးများနှင့် စတိုးဆိုင်၊ စားသောက်ဆိုင်ကလေးများ စုံလင်လှသည်။ သူလမ်းလျှောက်လာသည်ကို တွေ့သည့်လူကြီးများကလည်း သူ့အား ရင်းနှီးစွာ စတင်နှုတ်ဆက်ကြသည်။ ဆောင်းဟွန်းလည်း အပြုံးလေးတစ်ခုနှင့် အခုမှပြောင်းလာကြောင်း ပြောကာ ပြန်လည်နှုတ်ဆက်ရသည်။ ဤရပ်ကွက်ကလူတွေက ဖော်လည်းဖော်ရွေတတ်ကြသည်ပဲ။ အားလုံးထဲမှ ဆောင်းဟွန်း သဘောအကျမိဆုံးအချက်ကတော့ ထိုင်လို့ကောင်းမည်ထင်ရသည့် ကော်ဖီဆိုင်လှလှလေးတစ်ဆိုင်နှင့် စာဖတ်၀ါသနာ၊ဂိမ်းဆော့၀ါသနာပါသောသူ့အတွက် စာအုပ်ဆိုင်၊ဂိမ်းဆိုင်များကပါ အိမ်အနီးအနားတွင် ရှိနေခဲ့သောကြောင့်ဖြစ်လေသည်။

Twins?! // SungjakeWhere stories live. Discover now