(16)

90 12 2
                                    

(Unicode)

ဆောင်းဟွန်း အခန်းထဲ၌ ရှေ့လျှောက်၊နောက်လျှောက်နှင့် စိတ်ရှုပ်စွာ သက်ပြင်းတစ်ခုချလိုက်မိသည်။ တကယ်ပဲ ရှင်းမ်ဂျယ်ယွန်းက သူ့ကို ဘာဖြစ်စေချင်နေတာလဲ?!

ဆောင်းဟွန်းသည် သူ့ဘ၀၏ပထမဆုံးအနမ်းက ဘယ်လိုများဖြစ်လိမ့်မလဲဟု ကြိမ်ဖန်များစွာ စိတ်ကူးယဥ်ခဲ့ဖူးသည်။ ထို့နောက် အနမ်းပေးပြီးသည့်အချိန်မှာရော ဘယ်လိုအခြေအနေရှိလိမ့်မလဲလို့ပေါ့။

သေချာသည်မှာတော့ သူစိတ်ကူးဖူးသည့်အခြေအနေများထဲတွင် ယခုလိုအိပ်နေသည့်သူကို ထိုင်စောင့်ပေးနေရတာမျိုး လုံး၀မပါခဲ့တာသေချာသည်။

ဂျယ်ယွန်းက ဘာလို့များ ကောက်ကာငင်ကာကြီး ငါအိပ်ချင်တယ်လို့ ပြောလာရတာလဲ? ပြီးလျှင်လည်း ဆောင်းဟွန်းကို သူပြန်နိုးလာတဲ့အထိ ဘယ်မှမသွားဘဲ စောင့်နေပေးပါတဲ့။

ဒီလိုအခြေအနေမှာ ဂျယ်ယွန်းက ဘာမှမဖြစ်ထားသလို အိပ်ပျော်သွားနိုင်တာ ဆောင်းဟွန်း အံ့သြမိပါသည်။ သူဆိုရင်  ပေါက်ထွက်မလိုထင်ရအောင်အထိ ထိန်းမရအောင် ရင်တွေခုန်နေခဲ့တာလေ။

"ရှင်းမ်ဂျယ်ယွန်း..ရှင်းမ်ဂျယ်ယွန်း..မင်းကလေ တကယ် နားလည်ရခက်တဲ့ပုစ္ဆာလေးပဲ"

ဆောင်းဟွန်း ကုတင်ပေါ်ထိုင်လိုက်ကာ အေးချမ်းစွာနှင့် အိပ်မက်ကမ္ဘာရောက်နေပြီဟု ထင်ရသော လူသားလေးထံကြည့်လျက် တီးတိုးရေရွတ်မိလိုက်သည်။

သို့သော် အပြစ်ပြောစရာမရှိပါဘဲ ပကတိရှင်းသန့်ကာ ချောမောနေသော မျက်နှာလှလှလေးကိုလည်း ကြာရှည်မငေး၀ံ့ပြန်။ သူ ဒီအတိုင်းသာဆို ရင်ခုန်ရလွန်းလို့ နှလုံးရောဂါ ရတော့မှာပဲ။ ဆောင်းဟွန်း စိတ်အေးသွားစေဖို့အတွက် ရေတစ်ခွက်လောက် သောက်ရန် အခန်းထဲမှထွက်လာလိုက်သည်။

ရေတစ်ခွက်သောက်ပြီး၍ အခန်းထဲပြန်လာဖို့ တံခါးလက်ကိုင်လေးအား အသာတွန်းဖွင့်မိချိန် ကုတင်ပေါ်တွင် သူ့ဘက်ကျောပေးလျက် ထိုင်နေသူအား တွေ့လိုက်ရသည်။

နောက်ဆုံးတော့ သူ့ရဲ့ဒုက္ခအိုးလေးက ပြန်နိုးလာပြီပေါ့..။ ဆောင်းဟွန်း နှုတ်ဆက်ဖို့ကြံလိုက်စဥ်မှာပင်..

Twins?! // SungjakeWhere stories live. Discover now