(9)

74 13 0
                                    

(Unicode)

အားကစားခန်းမမှ မတော်တဆအဖြစ်အပျက်ပြီးနောက် ဂျယ်ယွန်းက ဆောင်းဟွန်းအား အတော်လေး မျက်နှာသာပေးလာခဲ့သည်ဟု ဆိုရမည်။

ဆောင်းဟွန်းထံကြည့်သည့်အခါ စိတ်ရှုပ်သည့် အကြည့်မျိုးမဟုတ်တော့ပါဘဲ စကားလည်း ပြောလို့ဆိုလို့ကောင်းလာသည်။ ထို့ပြင် ဆောင်းဟွန်းအား သူနားမလည်သည့် သင်ခန်းစာများကိိုပင် ပြန်ရှင်းပြသည်များလည်း ပြုလုပ်ပေးလာခဲ့၏။ ဂျယ်ယွန်းနှင့် ဤမျှအထိ အဆင်ပြေလာလိမ့်မည် မထင်ထားခဲ့သော ဆောင်းဟွန်းကတော့ အကျေနပ်ကြီး ကျေနပ်လို့ပေါ့။

တစ်ဖက်တွင်လည်း Jakey နှင့် ညနေပိုင်းအချိန်များမှာ ယခင်ကအတိုင်း နှစ်လိုဖွယ်ကောင်းနေဆဲဖြစ်ကာ ဆောင်းဟွန်း သဘောကျမိဆဲပင်။ သူတို့၏ ရင်းနှီးမှုဟာလည်း တဖြည်းဖြည်း ပို၍နက်ရှိုင်းလာနေခဲ့ပြီထင်၏။

သို့သော် သူဘယ်လောက်ပင် ဤသို့ ဂျယ်ယွန်း၊Jakey တို့နှင့် တစ်လှည့်စီ အချိန်ကုန်ဆုံးရခြင်းကို သဘောကျသည်ဆိုသော်လည်း ကြာသည်နှင့်အမျှ ဆောင်းဟွန်းစိတ်ထဲ မတင်မကျဖြစ်မှုတစ်ခုက ပိုပို၍ဖြစ်တည်လာနေရသည်။

ထိုအဓိကပြဿနာကတော့ အင်း...ဆောင်းဟွန်း အခု သူ့ရင်ခုန်သံကို သူ သေချာမသိတော့ဘူး။ ချစ်စရာကောင်းသည့် Jakeyက သူ့အားဂရုတစိုက်ရှိလှကာ အမြဲတစေ သူ့အပြုံးတွေဖြစ်ပေါ်လာအောင် စွမ်းဆောင်ပေးသကဲ့သို့ ဂျယ်ယွန်းနှင့်အတူ ကျောင်းမှာရှိချိန်များ၊နှစ်ယောက်တည်း စာလုပ်ချိန်များမှာလည်း ဆောင်းဟွန်း နည်းနည်းလေးမှ ပျင်းသည်မခံစားရဘဲ သူ့နှလုံးသားမှာလည်း ညင်သာစွာ လှုပ်ခတ်မြဲဖြစ်လေသည်။

ထို့အတွက် ဆောင်းဟွန်း ကိုယ့်ကိုကိုယ်လည်း ဒေါသဖြစ်မိပါသည်။ ဒါဟာ သူ Jakeyအပေါ်ရော ဂျယ်ယွန်းအပေါ်ရော မတရားဘဲ အခွင့်ကောင်းယူနေမိတာ မဟုတ်လား။ အနည်းဆုံးတော့ ရုပ်ချင်းတူနေတာကိုအသုံးမချဘဲ သူ့ကိုယ်သူ သေချာဆန်းစစ်ကြည့်ဖို့ သင့်ပါသည်။

ထို့ကြောင့် ဆောင်းဟွန်း နှစ်ယောက်စလုံးစီမှ အချိန်ခဏယူကြည့်ဖို့ ဆုံးဖြတ်လိုက်မိသည်။ ထိုအခါတွင်တော့ သူ့နှလုံးသားက ဘယ်သူ့ကိုပိုလွမ်းဆွတ်မိလဲဆိုတာ ပြောနိုင်ပြီး အဖြေကို သူသေချာသိနိုင်လိမ့်မည်ထင်သည်။

Twins?! // SungjakeWhere stories live. Discover now