(13)

83 15 2
                                    

(Unicode)

ပတ်ဆောင်းဟွန်းကို ကာကွယ်ရမယ်!!ပတ်ဆောင်းဟွန်းကို သေချာပေါက်် ကယ်တင်ရမယ်!!

သူ့အသိစိတ်ထဲသို့ ပထမဆုံးရိုက်သွင်းခံလိုက်ရသည့် စကားများမှာ ထိုစကားများသာဖြစ်ခဲ့၏။ ထို့ကြောင့် မျက်လုံးဖွင့်မိသည်နှင့် ရေအောက်တစ်နေရာရှိ တစ်ယောက်သောသူထံ လျင်မြန်စွာ ကူးခတ်သွားလိုက်မိကာ မြဲမြံစွာ ပွေ့ဖက်၍ ကမ်းစပ်ဆီ ပြန်လည်ကူးခတ်လာလိုက်သည်။

သတိမရှိဘဲ မေ့မြောနေသည့်လူအား သူ ခဏသေချာစွာ စိုက်ကြည့်မိ၏။ ပတ်ဆောင်းဟွန်း..ဒီတစ်ယောက်က ပတ်ဆောင်းဟွန်း။ ငါ သူ့ကို ကာကွယ်ရမှာ။

ချက်ချင်း မေ့မြောနေသည့် ခန္ဓာကိုယ်ကို သူကျောပိုးလိုက်မိသည်။ ဆေးခန်း...ဆေးခန်း အမြန်ဆုံးရှာရမည်။ လူတစ်ယောက်ကိုချီကာ ညလမ်းမထက်တစ်လျှောက် ပြေးလာခဲ့မိသဖြင့် သူ့ခန္ဓာကိုယ်က မောဟိုက်စပြုလာသည်။ စိတ်သွားတိုင်း ကိုယ်ပါနိုင်အောင် ဒီခန္ဓာကိုယ်က ဒဏ်မခံနိုင်ပါလား။ သို့သော် သူ အံကြိတ်၍ ကျောထက်မှသူကို တစ်ချက်ပင့်တင်လိုက်၍ ဆေးရုံ၊ဆေးခန်းကို ဆက်ရှာခဲ့မိသည်။

"ကူညီပေးပါအုံး! ရေနစ်ပြီး သတိမေ့သွားလို့ပါ!!"

ဆေးခန်းထဲအပြေး၀င်သွားမိတော့ ဆရာ၀န်၊ဆရာမများက လျင်မြန်စွာရောက်လာကြ၍ သူ့ကျောပေါ်မှ လူကိုသယ်ဆောင်သွားကာ ကြည့်ရှုနေကြသည်။ ထိုမှ သူ သက်ပြင်းချမိတော့သည်။ မင်း အဆင်ပြေလောက်မယ်ထင်ပါတယ် ပတ်ဆောင်းဟွန်း။

ထိုစဉ် သူနာပြုဆရာမလေးတစ်ယောက်က သူ့နားရောက်လာခဲ့၍...

"မင်းနဲ့အခုလူနာရဲ့နာမည် ဘယ်လိုခေါ်လဲ ကောင်လေး? မင်းတို့နှစ်ယောက်ကရော ဘာတော်လဲ?"

"ကျွန်တော်က သူ့သူငယ်ချင်းပါ။ သူ့နာမည်က ပတ်ဆောင်းဟွန်း။ ကျွန်တော်...ကျွန်တော့်နာမည်က...Jake..Sim Jake.."

ထို့နောက် ခန္ဓာကိုယ်ကမရပ်တည်နိုင်တော့စွာ လဲကျသွားခဲ့၍ သူ့အမြင်အာရုံမှာလည်း အမှောင်အတိလွှမ်းသွားပါတော့သည်။

~~~

ဂျယ်ယွန်း မျက်လုံးများဖွင့်မိသည်နှင့် အလန့်တကြား ချက်ချင်းထထိုင်လိုက်မိသည်။ သူဘေးဘီကို ကြည့်မိတော့ ဆေးရုံဆေးပေးခန်းရှိ ကုတင်များကိုတွေ့ရပြီး သူ့လက်တွင်လည်း ဆေးတစ်မျိုးသွင်းထားပေးခဲ့သည်။

Twins?! // SungjakeWhere stories live. Discover now