(Unicode)
"ဆောင်းဟွန်းနီး...မင်းရဲ့ဒဏ်ရာတွေရော အဆင်ပြေရဲ့လား?"
ဆောင်းဟွန်းကိုယ်တိုင်တောင် မေ့နေသည့် သူ့လက်ကဒဏ်ရာကို Jake က ဂရုတစိုက်နှင်် စိတ်ပူပေးနေသေးသည်။ သူပြုံးလိုက်၍ လက်ဖ၀ါးဖြန့်ပြလိုက်ကာ..
"အင်း...အကုန်ပျောက်သွားပြီ"
"ခြေထောက်ကရော?"
"အဲ့တာလည်း မင်းပြောသလို အနာကပ်ပလာစတာ ကပ်အိပ်လိုက်တော့ နည်းနည်းလေးမှ မနာတော့ဘူး"
Jakey က တစ်ချက်ပြုံးလိုက်သည်။
"ဟုတ်လား တော်သေးတာပေါ့"
ဆောင်းဟွန်းလည်း Jake နဲ့ ဘေးချင်းယှဥ်လျက် လျှောက်လာရင်း သူပြောချင်သည့်ကိစ္စတွေကို ဘယ်ကဘယ်လိုစကားစသင့်မှန်း တွေးနေမိသည်။ ချက်ချင်းကြီးဆို Jakey များ အနေခက်သွားမလား?
"ဒါနဲ့ မင်းဘယ်သွားမလို့လဲ ဆောင်းဟွန်းနီး?"
"အဲ.."
Jake နောက် ကမန်းကတန်း လိုက်လာခဲ့တာမို့ ဆောင်းဟွန်းမှာ သွားမယ့်နေရာမယ်မယ်ရရ မရှိလှပါ။
"မသိဘူး။ ဒီအတိုင်း ပျင်းလို့ထွက်လာတာ"
"အာ..အဲ့တာဆို ငါနဲ့ဂိမ်းဆိုင်လိုက်ခဲ့မလား? မင်းလည်းဂိမ်းဆော့ရတာ ၀ါသနာပါတယ်ဆိုရင်ပေါ့"
ဆောင်းဟွန်း ခေါင်းသွက်သွက်ညိတ်ကာ သဘောတူလိုက်လေသည်။
"ငါက ဂိမ်းဆော့ရတာအရမ်းကြိုက်တာ"
~~~
Jake မှာ ဆောင်းဟွန်းထင်ထားတာထက်ပင် ဂိမ်းဆော့တော်နေသည်။
"ဆောင်းဟွန်းနီး သတိထား!"
"ဆောင်းဟွန်းနီး မင်းနောက်မှာ မင်းနောက်မှာ!"
"လာ ငါ့နောက်လိုက်ခဲ့.."
ဤသို့ဖြင့် ဂိမ်းဆော့နေတာတောင် သူ့အပေါ် ဂရုတစိုက်ရှိလှသည့် Jakey ရယ်ပါ။
သူတို့တက်ညီလက်ညီနှင့် အချိန်တစ်ခုကြာအောင်အထိ ပျော်ရွှင်စွာ ဂိမ်းဆော့ပြီးသည့်နောက် ဗိုက်ဆာသလိုရှိသည်နှင့် ညလယ်စာစားရန် 24နာရီစတိုးဆိုင်သို့ ရောက်လာခဲ့ကြသည်။