(18)

41 10 3
                                    

(Unicode)

အပြင်တွင် မိုးသံများဖြင့်ဆူညံနေသလောက် အတွင်း၌ တိတ်ဆိတ်နေပါသောအခန်းငယ်။

မမျှော်လင့်ထားမှုများနှင့် ရောက်ရှိလာခဲ့ပြီး ယခုထိ သူ့ထံ ဘာမှမပြောပါဘဲ အသံတိတ်နေသော ကောင်လေးထံ Jake မ၀ံ့မရဲကြည့်လိုက်မိသည်။ ထို့နောက် ကော်ဖီနွေးနွေးလေးတစ်ခွက်အား ဆောင်းဟွန်းအနီးသို့ တိုးပေးလိုက်၏။

"သောက်လိုက်ပါ ဆောင်းဟွန်းနီး..မင်း မိုးရေလည်းစိုထားတော့ နွေးသွားအောင်"

သို့သော် ဆောင်းဟွန်းအာရုံက ကော်ဖီဆီ နည်းနည်းမှရောက်မသွား။ သူ့ထံသာ မနေတတ်တော့သည်အထိ စူးစိုက်ကြည့်နေလေသည်။

"Jakey..အရင်တုန်းက ငါတို့တွေ့ခဲ့ဖူးတယ်မလား?"

"ငါပြောချင်တာ ငါဒီကိုမပြောင်းလာခင်က..မင်း ငါ့ကိုတွေ့ခဲ့ဖူးတယ်မလားလို့..?"

Jake ခေါင်းလေး အသာညိတ်ပြလိုက်မိသည်။

"အဲ့တစ်ယောက်က မင်း ဟုတ်တယ်မလား? မင်း ငါ့ကိုကယ်ခဲ့တာမလားJakey? ဘာလို့ ငါ့ကိုဘာမှမပြောခဲ့ရတာလဲ?"

Jake နှုတ်ခမ်းဖိကိုက်လိုက်မိသည်။ ဆောင်းဟွန်းက အားလုံးသိနေလောက်ပြီထင်ပါရဲ့။ သူဆက်ပြီး ဖုံးကွယ်မနေသင့်တော့။

"မင်းအကုန်မေ့သွားခဲ့တာမလား..အဲ့တာကြောင့် ငါလည်းဘာမှမပြောနိုင်ခဲ့တာ။ အဲ့ကိစ္စက မင်းအတွက် ကြောက်စရာအိပ်မက်ဆိုးဖြစ်ခဲ့မှာကို ငါပြန်အစဖော်လိုက်လို့ ဘာကောင်းတာရှိမှာလဲ?"

"ဟင့်အင်း..ငါသိသင့်တာပေါ့။ အဲ့တုန်းကအကြောင်းတွေ ငါအကုန်သိချင်တယ် Jakey။ အဲ့တာကြောင့် ငါ့ကိုပြောပြပေးပါ။ အခုငါလာခဲ့တာလည်း မင်းပြောတာတွေ နားထောင်ချင်လို့ပဲ"

Jake လည်း သဘောတူလိုက်၍ ဆောင်းဟွန်းထံ စေ့စေ့ကြည့်လိုက်မိသည်။

"ဟွန်းနီး..မင်း ဟိုတစ်နေ့က သိသွားသလိုပဲ ငါက.. ဂျယ်ယွန်းရဲ့ ကိုယ်တူစိတ်ခွဲစရိုက်တစ်ခုလေ။ အဲ့လိုမျိုးငါက ဘယ်လိုပေါ်လာတာလဲဆို မင်းရဲ့မတော်တဆဖြစ်ခဲ့တုန်းက..။ တကယ်တော့ မင်းက ဂျယ်ယွန်းနဲ့အရင်တွေ့ခဲ့တာပါ။ မင်းတို့နှစ်ယောက် ဘယ်လိုလုပ်ပြီး တွေ့ကြတယ်၊မတော်တဆမှုဖြစ်ကြတယ်ဆိုတာတော့ ငါမသိနိုင်ဘူး။ အဲ့တာက ဂျယ်ယွန်းရဲ့မှတ်ဥာဏ်တွေပဲမို့ ဂျယ်ယွန်းကိုမေးမှရမယ်ထင်တယ်။ ငါစပြီးသိခဲ့တာက မင်းကိုကယ်ရမယ့်အချိန်မှပဲ။ အဲ့အချိန်မှာ ငါကစပြီးဖြစ်တည်လာခဲ့တာ.."

Twins?! // SungjakeWhere stories live. Discover now