(Unicode)
နောက်တစ်နေ့တွင် ကျောင်းအသစ်၌စတက်ရတော့မည်မို့ ဆောင်းဟွန်း မနက်အစောကြီးကတည်းက တက်ကြွစွာ နိုးလာခဲ့သည်။ ရေမိုးချိုးအ၀တ်အစားလဲကာ ပြင်ဆင်ပြီး၍ အောက်ကိုဆင်းလာသည့်အချိန်တွင် ထမင်းစားပွဲတွင်လည်း မနက်စာက သူ့အားအသင့်စောင့်ကြိုနေလေသည်။
"ကောင်းသောနံနက်ခင်းပါ အိုမား"
သူထမင်းစားပွဲတွင် ၀င်ထိုင်၍နှုတ်ဆက်လိုက်တော့ သူ့အမေက ကော်ဖီတစ်ခွက်ကမ်းပေးကာ ပြုံး၍ပြန်နှုတ်ဆက်လာသည်။
"ဒီနေ့တော့ ဆင်းလာတာစောသားပဲ ဆောင်းဟွန်းနီး။ မင်းရဲ့အာပါးတောင် မလာသေးဘူး"
"ကျောင်းအသစ်မှာ ပထမဆုံးစတက်ရမယ့်ရက်လေ အိုမားရဲ့။ နောက်ကျလို့ ဘယ်ဖြစ်ပါ့မလဲ?"
ထိုအချိန်၌ပင် ဆောင်းဟွန်းဖေဖေကပါ ရောက်လာတော့သည်။
"ဟ..ဒီနေ့ ထူးထူးဆန်းဆန်း သားအမိနှစ်ယောက် စောနေကြပါလား"
"ဟုတ်ပါ့ သားငယ်က ကျောင်းအသစ်မှာတက်ရမှာမို့ အရမ်းတက်ကြွနေတာလေ"
"မောနင်း အာပါး.."
ဆောင်းဟွန်းက ပြုံးရွှင်စွာနှင့် နှုတ်ဆက်လိုက်တော့ ဆောင်းဟွန်းဖေဖေက ခေါင်းတညိတ်ညိတ်နှင့်။ ထို့နောက် မိသားစုသုံးယောက်သား နံနက်စာကို စတင်စားသောက်ကြတော့သည်။
"ဒါနဲ့ သား မနေ့ညက ရပ်ကွက်ထဲလျှောက်ကြည့်တာ ဘယ်လိုလဲ?"
ဆောင်းဟွန်းဖေဖေက ကော်ဖီတစ်ငုံသောက်ကာ စကားစသည်။ ဆောင်းဟွန်းလည်း Jakey အကြောင်း တွေးမိသွားသည်မို့ တစ်ချက်ပြုံးလိုက်မိသည်။
"အရမ်း အဆင်ပြေတယ်အာပါး။ ရပ်ကွက်လေးက အေးအေးချမ်းချမ်းပဲ။ ဆိုင်ကလေးတွေလည်း စုံတယ်။ အိမ်နီးနားချင်းတွေကလည်း သဘောကောင်းကြတယ်။ သားကတော့ ဒီကိုပြောင်းလာရတာ မှန်တယ်လို့ထင်တယ်"
"ဟုတ်လား...သားအဆင်ပြေတယ်ဆို အားပါးရဲ့ဆုံးဖြတ်ချက် မှန်သွားတာပေါ့"
"တကယ်မှန်တယ်..တကယ်ဆို သားတို့ဒီကို ပိုပြီးစောစောတောင် ပြောင်းလာခဲ့သင့်တာ အာပါးရဲ့"