(17)

139 14 3
                                    

(Unicode)

မီးခိုးရောင်ကောင်းကင်...ညှို့မှိုင်းနေသော တိမ်တိုက်များ...အပြင်ဘက်ရှိမြင်မြင်နေရသမျှလောကကြီးက သူ့စိတ်ထဲမှ ကြေကွဲ၀မ်းနည်းမှုကို ကူညီပံ့ပိုးပေးနေကြသဖွယ်။ ဆောင်းဟွန်း အတွေးဗလာနတ္ထိဖြင့် ဆက်၍ငေးနေမိရင်း ခဏအကြာတွင် အုံ့မှိုင်းနေသည့်တိမ်တိုက်များမှ မိုးစက်မိုးပေါက်ကလေးများကပါ စတင်ကျဆင်းလာပါတော့၏။

ထိုအချိန်၌ အရှေ့အိမ်မှမိုးရွာထဲပြေးထွက်လာသော လူတစ်ယောက်ကိုတွေ့လိုက်ရလေသည်။ မိုးရွာထဲ ထီးလည်းမပါဘဲ သူ့အိမ်ရှိရာသို့ ပြေးလာနေသူအား အလိုမကျမှုများကြောင့် ဆောင်းဟွန်းမျက်ခုံးများက တွန့်ချိုးသွားသည်။ ဟိုတစ်ခါကဖြင့် မိုးမိလို့ဖျားသွားတာကို အခုလည်းမိုးရေစိုခံနေပြန်ပြီ..။ သို့သော် ဆောင်းဟွန်း ထိုအတွေးကို ပြန်မေ့ဖျောက်လျက် မမြင်ခဲ့သလိုသာ လျစ်လျူရှုထားမိလိုက်သည်။ မကြာလိုက်ပါ။ အောက်ထပ်မှ သူ့အမေ၏အော်ခေါ်လာသော စကားသံကြားရ၏။

"သား..ဆောင်းဟွန်းနီးရေ..ရှေ့အိမ်ကမင်းသူငယ်ချင်းက.."

"ကျွန်တော်အခုမအားသေးလို့ မဆင်းလာနိုင်လောက်ဘူး အိုမား"

လိမ်ညာစကားကို ဆိုလိုက်ပြီးသည့်နောက် ခေါင်းကလေးငုံ့ကာ မိုးရေထဲပြန်လည်ထွက်ခွာသွားသည့်သူကို ကြည့်ရင်း ဆောင်းဟွန်း မျက်၀န်းမှမျက်ရည်စများကလည်း ထိန်းမရစွာ ပြိုဆင်းလာကြပြန်သည်။ 

တစ်ယောက်ယောက်ကို ချစ်မိတဲ့အခါ အကျိုးဆက်က ဤမျှ နာကျင်ရလိမ့်မယ်လို့ သူ့ကို ဘယ်သူကမှမပြောခဲ့ဖူးကြပါဘူး။ စောစောသာကြိုသိခဲ့ရင် မချစ်မိအောင် သူသတိထားနေမိခဲ့မှာကို..။ အခုတော့ ဘယ်လောက်ကြိုးစားကြိုးစား ရလဒ်ကိုပြောင်းလဲလို့ မရနိုင်တော့ဖူးမဟုတ်လား။

ဆောင်းဟွန်းမှာ ဂျယ်ယွန်းနဲ့စကားများပြီးသည့်အချိန်မှစ၍ ပတ်သက်နေမိသည့်အရာအားလုံးကို အဆုံးသတ်ရမည်ဟုတွေးကာ ဂျယ်ယွန်းရော၊Jakeနှင့်ပါ ခပ်ခွာခွာနေခဲ့မိ၍ နေ့စဉ်အလုပ်များ၌သာ အာရုံစိုက်ထားဖြစ်ခဲ့သည်။

သို့သော် ဘယ်လောက်ပဲ အများရှေ့တွင်အဆင်ပြေချင်ယောင်ဆောင်ထားခဲ့ပါစေ..အမှန်စင်စစ်မှာတော့ စိတ်ထဲတစ်ခုခုပျောက်ဆုံးသွားသလို လစ်ဟာနေခဲ့ပြီး ဆောင်းဟွန်းရဲ့နေ့ရက်များကလည်း အဓိပ္ပါယ်မရှိသလိုဖြစ်နေခဲ့တာ ရက်အနည်းငယ်ကြာခဲ့ပါပြီ။ ဤကား ဦးနှောက်က ဘယ်လောက်ပဲ ထိန်းချုပ်တင်းခံထားပါစေ၊ ခံစားချက်မှအရင်းခံဖြစ်တည်လာသည့် တုန့်ပြန်မှုကိုတော့ လိမ်ညာလို့မရနိုင်သည့် သက်သေများ။

Twins?! // SungjakeWhere stories live. Discover now