(14)

72 11 0
                                    

(Unicode)

"ဂျယ်ယွန်းနီး...ဒီကို ခဏလာပါအုံး"

ဒေါ်လေးက ဧည့်ခန်းတွင်ထိုင်ကာ ခေါ်နေသည်မို့ ဂျယ်ယွန်းလည်း သွားထိုင်လိုက်သည်။

"ဟုတ်..တစ်ခုခုပြောစရာရှိလို့လား ဒေါ်လေး?"

"သား..မနေ့ညက..မင်းမဟုတ်တဲ့ ဟိုတစ်ယောက် ထပ်ထွက်လာသေးတယ်ဆိုတာ သိလိုက်လား?"

"အာ..အဲ့ကိစ္စလား? ဟုတ် ကျွန်တော်သိပါတယ်။ အဲ့တာကြောင့် ဒီမနက်တောင်အိပ်ရေးမ၀သလိုခံစားနေရတာ.."

သူ့ဒေါ်လေးက သက်ပြင်းတစ်ခုချလိုက်သည်။

"အင်း..ဒေါ်လေးလည်း အစက ဘာမှမပြောဘဲ စောင့်ကြည့်နေခဲ့ပေမယ့် အခုတော့ တစ်ခုခုလုပ်မှဖြစ်တော့မယ်ထင်လို့"

"အရင်က သူထွက်လာတယ်ဆိုတာ မင်းက အကူအညီလိုနေမှ..ဒါမှမဟုတ် မင်းက တစ်ယောက်ယောက်ကို လာကယ်ပါစေဆိုပြီး ဆုတောင်းလိုက်တဲ့အခါမှလေ.."

"အခုကျ မင်း ဘာမှမဖြစ်လည်း သူက သူ့သဘောအတိုင်း ထွက်ထွက်လာနေတာ မင်းအတွက် ဒေါ်လေးစိုးရိမ်တယ် ဂျယ်ယွန်း"

ဂျယ်ယွန်းလည်း သူ့အဒေါ်စိတ်ကို နားလည်ပါသည်။ မဟုတ်တောင် ဒီရက်ပိုင်းအတွင်း ထိုကိစ္စနှင့်ပတ်သက်ပြီး သူအတွေးများနေခဲ့ရတာ။ Jake က ခုတလော သူမထင်ရင်မထင်သလို ထွက်လာတတ်သည်။ တစ်ခါတလေ ဂျယ်ယွန်း နေရင်းထိုင်ရင်း အသိစိတ်လွတ်သွားကာ အချိန်တချို့ကြာမှ ပြန်နိုးလာတတ်၏။ ထိုအခါတွင်လည်း သူ့မှာတစ်ခုမဟုတ် တစ်ခုဖြစ်ခဲ့မြဲ။

တစ်ခါကဆို ကျောင်းပျက်ပြီး ဂိမ်းဆိုင်ခိုးသွားခဲ့လို့ဆိုပြီး အတန်းပိုင်ဆရာမ ခေါ်ဆူတာခံခဲ့ရသည်။ တစ်ခါကဆိုလည်း ကျောင်းသူတစ်ယောက်က ကောက်ကာငင်ကာဖြင့် ဂျယ်ယွန်းထံကျေးဇူးတင်စကားလာပြောဖူးသည်။ ဂျယ်ယွန်း နားမလည်လို့ ပြန်မေးကြည့်တော့ အဲ့ကျောင်းသူက အနိုင်ကျင့်ခံနေရချိန်မှာ ဂျယ်ယွန်းက ၀င်ကူညီပြီး ကယ်ပေးခဲ့တာပါတဲ့။

အဲ့တာတွေက ဂျယ်ယွန်း လုပ်ခဲ့တာတွေမှမဟုတ်တာ။ သူ ထိုအကြောင်းအရာ တစ်ခုတစ်လေကိုမှ သိမနေခဲ့။ သူ့ဦးလေးမရှိတော့သည့်ဘ၀တွင် ဂျယ်ယွန်း လိုချင်သည်မှာ တည်ငြိမ်အေးချမ်းမှုနှင့် အပူပင်ကင်းမှုကိုသာဖြစ်သည်။ သို့သော် ယခုတွင်တော့ ဘယ်အချိန်မှာ Jake ကပေါ်လာပြီး သူမသိသည့်ကိစ္စတွေလုပ်အုံးမလဲဟုသာ တွေးပူနေရတော့သည်။ Jake လုပ်ခဲ့သည်မှာ ကောင်းသည့်ကိစ္စဖြစ်စေ၊မကောင်းသည့်ကိစ္စဖြစ်စေ ဂျယ်ယွန်းကိုသာ လူတွေက သိ၍ သူလုပ်သည်ပဲထင်ကြမည်မို့ ဂျယ်ယွန်းမှာ ကိုယ့်ဘ၀ကိုယ် မပိုင်ဘဲ ၀င်စွက်ဖက်ခံရသလို ခံစားလာရပါသည်။

Twins?! // SungjakeWhere stories live. Discover now