"ခံစားမိလား မင်းကြောင့်မာနေတာကို..... မင်းမခံစားမိနိုင်တဲ့နေရာတစ်ခုမှာလည်း အရမ်းဆာလောင်နေတယ်..... ဘယ်လိုလဲ ကိုယ့်ကိုလုပ်ချင်လား"
ဒေါက်တာကြီးသည် တစ်ဖက်လူငယ်၏ တွန်းထုတ်ခြင်းကို ခံလိုက်ရသည်။
တွန်းထုတ်ခံလိုက်ရပေမဲ့ ခန့်သစ်လွင်မှာ အပြုံးမပျက်ချေ။ နေရာတကျနောက်ဆုတ်ပြီးနောက် သူ၏ဆေးအိတ်ထဲ ဆေးပစ္စည်းများပြန်ထည့်ကာ ဆွဲယူလိုက်သည်။
"သိပ်မကြာခင် အကြီးအကဲတွေရောက်လာလောက်တယ်..... ကိုယ်အတူစောင့်မပေးတော့ဘူးနော် ကောင်လေး....."
ထွက်ခွာသွားသောနောက်ကျောက အမှောင်ထဲပျောက်ကွယ်သွားသည်အထိ သိုဝ်က မလှုပ်မိသေးပေ။ မလှုပ်ရဲတာဆိုပိုမှန်လိမ့်မည်။
အကြောင်းမှာ တစ်ဖက်လူ၏ နားမခံသာစကားများဖြင့် အဆက်မပြတ်အဆွခံလိုက်ရပြီးနောက် သူ၏အထုပ်အထည်ဟာ တင်းကြပ်လာခဲ့ပြီဖြစ်သည်။ တင်းကြပ်ရုံမျှသာမက ထိပ်ဖျားကပါ စို့တက်လာသောအရည်များဖြင့် စိုနေခဲ့သည်။
ပွတ်သပ်ချော့မြှူချင်နေသည့်ဆန္ဒကို ချိုးနှိမ်လိုက်ရင်း စိတ်အလိုကသိပ်မကျချင်တော့။
သူ၏ပင်မအဖွဲ့သားတစ်ယောက်က စိုးရိမ်ဖွယ်ရာအခြေနေမှလွတ်မြောက်ခါစဖြစ်ပြီး မကြာသေးမီကမှလည်း ချောင်းတိုက်ခံထားရသေးသည်။ သူမာလာတာက အရမ်းရှက်ဖို့မကောင်းပေမဲ့ စိတ်ထဲမှာတော့တစ်မျိုးပဲ။
အဲ့ဆရာဝန်ကြောင့်ပဲ!
နာရီဝက်အတွင်း၌ ဘုံရွာအဖွဲ့အစည်း၏ကြီးကြပ်သူများက လူငယ်လေးထံရောက်ရှိလာကြသည်။ မုတ်ဆိတ်ဖြူများရှိသော အဖိုးအိုတစ်ယောက်က သူ၏ဆေးတံကိုခဲထားရင်း လူငယ်လေးကိုအကဲခတ်လိုက်သည်။
ဒီကလေးက ဘုံရွာအပြင်ဘက်မှာ မွေးလာခဲ့သည့်တိုင် ဘုံရွာသားတစ်ဦးဖြစ်နေဆဲ။ အသက်ဆယ့်ကိုးနှစ်လောက်အထိ မအေဖြစ်သူနဲ့အတူရွာထဲနေလာပြီးမှ တောထဲမှာအခြေချနေတဲ့ သူ့အဖေဆီ လုပ်ငန်းဆက်ခံရန်သွားခဲ့သည်။
လက်နက်ကိုင်ဆောင်ရသည့်ကြမ်းတမ်းသောဘဝက ဒီကလေးကို အများကြီးပြောင်းလဲသွားစေခဲ့သည်။