နေသာသောအချိန်မှာကြာကန်အရှေ့ရှိသစ်ပင်အရိပ်အောက်ကောင်လေးတစ်ယောက်လူတစ်ဦးရဲ့ပန်းချီပုံကိုစိတ်အေးလက်အေးထိုင်ဆွဲနေခဲ့တယ်။ထိုအချိိန်မှာပဲမြောက်ဘက်လေတိုက်လာခဲ့ပြီးအရာအားလုံးကအေးစက်လာတာနဲ့ကောင်းကင်ကြီးကိုမော့ကြည့်လိုက်တာပေါ့။
"မိုးရွာတော့မှာပဲ" ဆိုပြီးထလိုက်ချိန်ပဲသစ်ပင်အနောက်ကခြေသံတစ်ခုကိုကြားသွားပြီးခြေလှမ်းတွေရပ်တန့်သွားကာထိုလူကလည်းကောင်လေးအနားကိုတဖြည်းဖြည်းချင်းလျှောက်လာကာလည်ပင်းမှာဓါးထောက်လိုက်တော့တယ်။
"တိုးတိုးနေမအော်နဲ့" ဆိုပြီးနားနားကိုကပ်ပြောလိုက်ချိန်ပဲရဲကားတွေရောက်ချလာပြီးသေနတ်နဲ့ချိန်လိုက်ကြကာ
"လက်နက်ချလိုက်ပါအခု!!!" ဆိုပြီးပြောလိုက်တော့တစ်ပတ်လှည့်လိုက်ပြီး
"အခုလက်နက်ချလိုက်ပါ"
"လက်နက်?ဘာအတွက်လဲ?ဘာအတွက်ငါကလက်နက်ချရမှာလဲ?မင်းတို့တွေအားလုံးသေသွားမှအေးမှာအားလုံး...အားလုံး!!!!" ဆိုပြီးဒေါသတွေထွက်နေရင်း
"ဒီကောင်လေးကိုသာသတ်လိုက်မယ်ဆိုမင်းတို့တွေရဲ့...မျက်နှာတွေဘာဖြစ်သွားမလဲအရမ်းသိချင်တာပဲ"
"ဟိုက်!မင်းဒီလိုသာဆက်လုပ်နေမယ်ဆိုပစ်ရလိမ့်မယ်"
"ဟားဟားအဲ့တော့?"
"လက်နက်ချလိုက်ပါလက်နက်သာချလိုက်မယ်ဆိုပြစ်မှုလျှော့ပေါ့ပေးမယ်"
"မချနိုင်ဘူးဘာအတွက်ငါကချရမှာလဲ???မင်းတို့သိလား?လူသတ်လို့ပျော်တဲ့အပျော်ကဘာနဲ့မှမလဲနိုင်ဘူးဆိုတာ?"
"မင်း!!!"
"အိုမိုကြောက်ဖို့ကောင်းလိုက်တာလွှတ်ပေးပါ့မယ်ရှုံးပြီဆိုတာသိပါပြီငါကအဲ့လိုပြောမယ်ထင်နေတာလား?အိပ်မက်သာမက်နေလိုက်"
"အပြစ်မဲ့ပြည်သူတစ်ယောက်ကိုမင်းသတ်လိုက်လို့ဘာကောင်းကျိုးမှရသွားမှာမဟုတ်ဘူးပိုပြီးပြစ်မှုကြီးသွားတာပဲရှိမှာဒါကြောင့်လက်နက်ချပြီးအညံ့ခံပါ"
"မချနိုင်ဘူးငါပြောပြီးသားပဲမလား?မချနိုင်ဘူးလို့!!!"
"ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီးသူ့ကိုလွှတ်ပေးပါတစ်သက်တစ်ကျွန်းမကျစေရပါဘူး"
YOU ARE READING
Attachment ✓ || Milkcarrot 🥛🥕
Fanfictionအန္တရာယ်တွေနဲ့ပြည့်နှက်နေတဲ့တွင်းကြီးထဲကိုသံယောဇဉ်ဆိုတဲ့အရာတစ်ခုကြောင့်အဲ့နေ့ကကျွန်တော်ခုန်ဆင်းခဲ့တယ်။