ဟီဆွန်းထွက်လာတာကိုမြင်တော့အနားကိုမြန်မြန်ပြေးလာရင်းဓါးနဲ့ထိုးမလို့လုပ်နေတုန်းအနောက်ကနေဆောင်းဟွန်းကလက်တစ်ဖက်ကိုလက်ထိပ်ခတ်လိုက်တော့တယ်။
"ဟိုက်"
"ထင်သားပဲပြန်လာသတ်မယ်လို့" ဆိုပြီးဟီဆွန်းကိုအနောက်မှာထားလိုက်ပြီးလက်နှစ်ဖက်လုံးကိုလက်ထိပ်ခတ်လိုက်ကာ
"အလွယ်တကူလွတ်သွားတာကိုမကျေနပ်တာနဲ့အတော်ပဲဖြစ်သွားတာပေါ့"
"မင်းအသက်နဲ့ရင်းပြီးလုပ်ပေးတဲ့အတွက်ကျေးဇူးပါ" ဆိုပြီးပြောတော့ပြုံးလိုက်တာပေါ့။"အဲ့ကောင်ကထပ်ပြီးဘာလို့ရောက်လာပြန်တာလဲ?"
"သူ့ကိုဖမ်းမိတုန်းကဓားစာခံလုပ်ခံရတဲ့အဲ့ကောင်လေးက"
"အဲ့ဒါနဲ့ဘာဆိုင်လို့လဲ?"
"သူကပြန်လာသတ်တာတဲ့အဲ့ဒါနဲ့မိသွားတာ"
"ဒီကောင်လေးကဓားစာခံ?မဖြစ်နိုင်တာဟိုက်..." ဆိုပြီးကြည့်နေရင်းပြောနေကြကာ
"ရားးးငါကအပြစ်မရှိဘူးလို့?ဘာအတွက်မင်းက???"
"မသတ်လိုက်ရလို့မကျေနပ်တာနဲ့ပြန်လာသတ်တယ်ပေါ့?"
"ပြောပြီးသားပဲမလား?ငါသတ်တာမဟုတ်ဘူးလို့အဲ့ဒီလူ၆ယောက်ကို"
"အဲ့စကားကိုယုံဖို့ပြောနေတာလား?ပိုက်ဆံအာဏာနဲ့အရင်တစ်ခေါက်ကလွတ်ပြီးသွားပြီဒီတစ်ခေါက်တော့မလွှတ်ပေးနိုင်တော့ဘူး"
"ငါသေချာပေါက်ထောင်ထဲကိုလုံးဝလုံးဝမဝင်နိုင်ဘူး"
"ငါသေချာပေါက်ရအောင်ထည့်ပေးမယ်သက်သေထပ်ရှာမှာမို့လို့"
"မင်းဘာမှစိတ်မပူဘဲပြန်လို့ရပြီသက်သေထွက်ဆိုပေးတာကျေးဇူးပါ""ဟုတ်ကဲ့ပါဗျ" ဆိုပြီးထလိုက်တော့
"ဘယ်သွားမှာလဲ?မင်းကိုဘယ်သူကသွားခိုင်းလို့လဲ?ဪ???အပြစ်ကြွေးပြန်ဆပ်ရမယ်မလား?" ဆိုပြီးရယ်လိုက်တော့တယ်။
"ခြိမ်းခြောက်မှုနဲ့တရားစွဲလို့ရတယ်နော်အမှုပိုကြီးသွားတာပေါ့"
"ဟားဟားဘာ??"
"တစ်သက်တစ်ကျွန်းကျချင်တာလား?"
YOU ARE READING
Attachment ✓ || Milkcarrot 🥛🥕
Fanfictionအန္တရာယ်တွေနဲ့ပြည့်နှက်နေတဲ့တွင်းကြီးထဲကိုသံယောဇဉ်ဆိုတဲ့အရာတစ်ခုကြောင့်အဲ့နေ့ကကျွန်တော်ခုန်ဆင်းခဲ့တယ်။