"ငါကတကယ့်stalkerကြီးလိုဖြစ်နေပြီများလား?နောက်တစ်ခေါက်တော့ဒီလိုလုံးဝမဖြစ်စေရဘူး" ဆိုပြီးပြောတဲ့အတိုင်းမလုပ်နိုင်ခဲ့ဘဲဆောင်းဟွန်းအနောက်တကောက်ကောက်လိုက်ပြန်ကာဟိုကလည်းရဲဆိုတော့ခနခနမိပြီးခနခနအဆူခံရတော့တာပေါ့။
တစ်နေ့လည်းကျကောဟီဆွန်းတစ်ယောက်နံရံအနောက်မှာပုန်းနေရင်းဆောင်းဟွန်းအထုပ်အပိုးတွေပြင်နေတာကိုမြင်သွားပြီး
"ဘယ်သွားဖို့ပါလိမ့်?"
"ကားပြင်ထားလိုက်တော့"
"ဟုတ်ကဲ့ပါစခန်းမှူး" ဆိုပြီးထွက်လာတော့ဉာဏ်ကောင်းတဲ့ဟီဆွန်းကကားသော့ဖွင့်လိုက်ချိန်ပဲ
"ကယ်ပါဦး" ဆိုပြီးမိန်းကလေးအသံနဲ့အော်လိုက်တော့တယ်။
"ဘယ်ကအသံလဲ?" ဆိုပြီးသွားရှာတုန်းဟီဆွန်းကကားနောက်ဖုံးထဲဝင်နေလိုက်ကာ
"ဘယ်ရောက်သွားတာလဲ?" ဆိုပြီးကားနားပြန်ရောက်လာပြီးဆောင်းဟွန်းကထွက်လာတော့
"ဘာလုပ်နေတာလဲအဲ့မှာရပ်ပြီး?"
"အာမဟုတ်ဘူးဗျပေးပါအထုပ်တွေ" ဆိုပြီးလက်ထဲကအထုပ်တွေကိုယူလိုက်တာပေါ့။
"အထုပ်တွေကားနောက်ဖုံးထဲမထည့်နဲ့အလယ်ခန်းထဲပဲထည့်လိုက်အရှေ့ခန်းမှာပဲထိုင်မှာမို့လို့"
"အာဟုတ်ကဲ့ပါ"
"ဟူးးးတော်ပါသေးရဲ့ကပ်သီးလေးသေတော့မလို့" ဆိုပြီးရင်တွေခုန်နေကာလှဲအိပ်ရင်းပါသွားတော့တယ်။လမ်းခရီးကကြံကြာတာကြောင့်မနက်ကသွားတာညနေလောက်မှထိုတောထဲကိုရောက်သွားတာပေါ့။
အာသန်းပြီးနိုးလာတဲ့ဟီဆွန်းတစ်ယောက်ရှုခင်းတွေကိုကြည့်ရင်းအံ့အားတသင့်ဖြစ်သွားကာ
"ဒါဘယ်နေရာလဲ?" ဆိုပြီးနည်းနည်းကျယ်ကျယ်ပြောလိုက်မိတာကိုသူ့ဘာသာသူသတိထားမိသွားပြီးပါးစပ်ကိုလက်နဲ့အုပ်လိုက်၍
"သေရောငါအသံကျယ်သွားပြီမလား?ကြားသွားလောက်ပြီမလား?" ဆိုပြီးပြောတဲ့အတိုင်းပဲဟိုကတကယ်ကြားသွားပြီးချက်ချင်းဆင်းလာတော့တယ်။
YOU ARE READING
Attachment ✓ || Milkcarrot 🥛🥕
Fanfictionအန္တရာယ်တွေနဲ့ပြည့်နှက်နေတဲ့တွင်းကြီးထဲကိုသံယောဇဉ်ဆိုတဲ့အရာတစ်ခုကြောင့်အဲ့နေ့ကကျွန်တော်ခုန်ဆင်းခဲ့တယ်။