အထုပ်တွေနဲ့ပြန်ရောက်လာချိန်ဟီဆွန်းလည်းမီးဖိုချောင်ထဲကထွက်လာပြီးအခန်းထဲပြန်ရောက်လာတာပေါ့။
"သောက်လိုက်ပါဗျအမောပြေသွားအောင်"
"ဪပင်ပန်းသွားပြီ"
"ကျွန်တော်ကပြောရမယ့်စကားပါဗျ"
"ခနလောက်ဖက်ထားလို့ရမလား?" ဆိုပြီးမေးတော့လက်ကိုဆန့်လိုက်ပြီးဆောင်းဟွန်းလည်းဖက်လိုက်ကာ
"အနားကနေထွက်သွားမှာလား?"
"ဟင့်အင်းအမြဲအနားမှာပဲနေပေးပါ့မယ်ဗျ"
"ကိုယ်လည်းမင်းနားမှာအမြဲရှိပြီးကာကွယ်ပေးမယ်အိမ်လတ်တလောမပြန်လို့ရမယ်မလား?လုံခြုံရေးအရအိမ်ပြန်လို့မရသေးလို့စခန်းမှာခနနေရလိမ့်မယ်"
"အိမ်မှမရှိတာ"
"ဪ?"
"အိမ်မှမရှိတာမိဘလည်းမရှိဘူးဗျ"
"အမ်?ဟုတ်လား?"
"ဟုတ်တယ်ဗျ"
"ဒါဆိုဘယ်မှာနေဝာာလဲ?"
"ရောက်ရာပေါက်ရာနေရာမှာပဲနေဖြစ်တယ်ဗျ"
"အိပ်တာကောလား?"
"ဟုတ်ကဲ့"
"ဘာလို့မပြောပြရတာလဲ?ကိုယ့်အိမ်မှာလိုက်နေခိုင်းမှာပေါ့လုံလည်းခြုံသေးတယ်"
"အဲ့လိုမျိုးတွေမလုပ်ချင်လို့ပါဗျမကောင်းလည်းမကောင်းဘူးလေ"
"ဒီလိုလုပ်ပါလား?ကိုယ့်အိမ်မှာလိုက်နေလိုက်ပါလား?အဲ့ဒါပိုအဆင်ပြေလိမ့်မယ်ပြီးတော့အခုကအားနာစရာမလိုတော့ဘူးလေ"
"မယုံပါဘူးနော်"
"ဘာကိုမယုံတာလဲ?"
"အသက်၁၈ပဲရှိသေးတယ်ဗျ"
"ဘာတွေလျှောက်တွေးနေတာလဲ?"
"မတွေးပါဘူး" ဆိုပြီးညနေရောက်တော့အိမ်ကိုအတူတူပြန်ကြကာ
"ချစ်ဦးစနီးမောင်နှံလေးတွေကျနေတာပဲ" ဆိုပြီးအနောက်ကနေကြည့်ရင်းပြောနေပြီးအိမ်လည်းရောက်ကောအေးဆေးပဲသူ့အိမ်သူယာလိုအိမ်ထဲကိုခပ်တည်တည်ဝင်သွားတာပေါ့။
ဆောင်းဟွန်းကကြောင်သွားပြီးဟီဆွန်းကအဝတ်ခြင်းလေးတွေယူလာကာအဝတ်အစားလေးတွေခွဲထည့်နေတော့
"ဘာလုပ်မလို့လဲ?"
"အဝတ်လျှော်မို့ဗျ" ဆိုပြီးရေချိုးခန်းထဲဝင်သွားတော့တယ်။
အေးအေးဆေးဆေးအဝတ်တွေလျှော်ဖွတ်နေပြီးဆောင်းဟွန်းကတိတ်တိတ်လေးရေချိုးခန်းအဝနားကနေချောင်းကြည့်နေတာပေါ့။
ဟီဆွန်းကချစ်ဖို့ကောင်းစွာအဝတ်တွေကိုမလျှော်တတ်လျှော်တတ်နဲ့လျှော်နေပြီးမျက်လုံးထဲတွေကောမျက်နှာမှာတွေကောဆပ်ပြာရည်တွေပေကျံနေတော့တယ်။
ဆောင်းဟွန်းကအနားမှာထိုင်လိုက်ပြီး
"အာဆိုဖာမှာသွားထိုင်နေပါဗျကျွန်တော်ရ-"
"မင်းဘယ်သူလဲ?"
"ဗျာ?"
"မင်းဘယ်သူလဲလို့??"
"..."
"တကယ်ပဲEcoလား?" ဆိုပြီးမေးလိုက်တာနဲ့မျက်ရည်တွေချက်ချင်းဝဲတက်လာကာလွန်ခဲ့တဲ့၈နှစ်ကိုပြန်ရောက်သွားတာပေါ့။
YOU ARE READING
Attachment ✓ || Milkcarrot 🥛🥕
Fanfictionအန္တရာယ်တွေနဲ့ပြည့်နှက်နေတဲ့တွင်းကြီးထဲကိုသံယောဇဉ်ဆိုတဲ့အရာတစ်ခုကြောင့်အဲ့နေ့ကကျွန်တော်ခုန်ဆင်းခဲ့တယ်။