11

344 14 0
                                    

ဆောင်းဟွန်းကချစ်ဖို့ကောင်းတဲ့hamsterအထီးလေး "Eco" ဆိုတဲ့နာမည်လေးပေးပြီးမွေးထားတာပေါ့။

သူ့မိဘတွေကတိရစ္ဆာန်မချစ်တတ်လို့ဆိုပြီးEcoလေးအတွက်အိမ်တောင်ခွဲနေခဲ့ပြီးအိမ်အကြီးကြီးမှာသူနဲ့Ecoလေးနဲ့ပဲနေကြတော့တယ်။

Ecoလေးကပါသူ့အဖော်လိုဖြစ်နေပြီးအထီးကျန်နေချိန်တိုင်းရှိနေပေးလို့အရမ်းချစ်သလိုEcoလေးကလည်းဆောင်းဟွန်းကသူ့အပေါ်နူးညံ့သိမ်မွေ့ပေးလို့အရမ်းချစ်တာပေါ့။

အနောက်ကနေတကောက်ကောက်လိုက်ပြီးအရိပ်တကြည့်ကြည့်နဲ့လိုက်ကြည့်နေကာဆောင်းဟွန်းပြောသမျှတွေကိုနားလည်သိတတ်ပြီး‌ဆောင်းဟွန်းအကြိုက်တွေကိုလည်းမှတ်ထားတတ်တယ်။

အရမ်းအနောက်ကနေလိုက်‌တတ်တော့ဆောင်းဟွန်းကပျောက်မှာစိုးရိမ်ပြီး

"Ecoကိုကိုကလမ်းမကိုသွားမှာမို့လို့မလိုက်ခဲ့နဲ့နော်အိပ်ရာမှာအိပ်ရင်းကျန်ခဲ့Ecoလေးနိုးလာတာနဲ့ကိုကိုအရသာရှိတဲ့မုန့်တွေနဲ့အတူအိမ်ပြန်ရောက်နေစေရမယ်ကတိပေးတယ်နော့်လိမ္မာပါတယ်" ဆိုပြီးပြောတော့မှအိပ်ရာပေါ်တက်သွားကာ‌ဆောင်းဟွန်းလည်းထွက်သွားတာပေါ့။

တစ်ရက်ကျအနောက်ကနေခိုးလိုက်ကောင်းတာနဲ့ပျောက်သွားကာဆောင်းဟွန်းလည်းခေါင်းမီးတောက်နေအောင်လိုက်ရှာရတော့တယ်။

လမ်းသွားလမ်းလာတွေကိုမေးကြည့်ပြန်တော့လည်း

"Hamsterလေးတစ်ကောင်ကိုတွေ့မိသေးလားဗျ?အရောင်ကအဝါဘက်နည်းနည်းသွားတယ်သေးတယ်ဗျဒီမှာပါပုံက"

"မတွေ့မိဘူးနော်"

"အာဟုတ်ကဲ့ကျေးဇူးပါဗျ" ဆိုပြီးစိတ်ညစ်နေပြီးနေပူကြီးထဲမှာအသည်းအသန်ကိုလိုက်ရှာရတာပေါ့။

အိမ်ကိုလည်းပြန်လာကောEcoကရောက်နေပြီး

"ဟာ...တော်ပါသေးရဲ့အိမ်ပြန်ရောက်နေတာပဲဒီငဆိုးလေးကတော့" ဆိုပြီးအနားကိုရောက်လာတော့Ecoကသူ့အမှားကိုသိနေကာမျက်နှာကိုလွှဲထားတော့တယ်။

လက်လေးကိုကိုင်လိုက်ပြီးသူ့ကိုဆူမှာကြောက်နေတဲ့အကြည့်နဲ့ကြည့်တော့

Attachment ✓ || Milkcarrot 🥛🥕Where stories live. Discover now