နောက်တစ်နေ့လည်းနွားနို့လာပို့ပြီး
"ဪ?မင်းပဲလား?"
"ဟုတ်တယ်ဗျ" ဆိုပြီးနေ့တိုင်းလာလာပို့ပေးကာတစ်နေ့ကျတော့
"နွားနို့လာပို့ပေးတာပါခင်ဗျ"
"ဪရော့ပိုက်ဆံမြန်မြန်သွားတော့နော်စခန်း-" ဆိုပြီးပြောနေတုန်းဆောင်းဟွန်းကရောက်ချလာတော့တယ်။
"သေရော" ဆိုပြီးခုံအောက်ထဲတဖြည်းဖြည်းဝင်သွားတော့ထိုကောင်လေးလည်းဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်ပြီး
"နွားနို့?"
"ဟုတ်ပါတယ်ဗျပူပူချိုချိုလေးပါသောက်လို့ကောင်းပါတယ်"
"ဟိုက်ဒီကောင်လေးတော်တော်သတ္တိရှိတာပဲ"
"အမလေးလန့်တာ"
"ရှူးကြားသွားပါလိမ့်မယ်"
"ဒီကိုမင်းကဘယ်လိုလုပ်?"
"ကျွန်တော်လည်းစီနီယာကုန်းနေတာနဲ့ဘာလဲလို့စပ်စုချင်သွားလို့"
"ဪမင်းပြောတာလည်းမှန်တယ်စခန်းမှူးကိုဒီလိုပြောရဲတာသူပဲရှိသေးတယ်"
"သောက်ကြည့်ပါဗျစိတ်ခွန်အားတွေပြည့်ဝသွားစေပါလိမ့်မယ်" ဆိုပြီးနွားနို့ခွက်ကိုကမ်းပေးကာ
"ဪ" ဆိုပြီးလက်ထဲကနွားနို့ခွက်ကိုလက်ကိုကိုင်လိုက်ရင်းယူလိုက်တာပေါ့။ရင်တွေတဒိတ်ဒိတ်နဲ့ခုန်သွားပြီးဆောင်းဟွန်းကနွားနို့ကိုသောက်လိုက်ကာ
"ဒါကဘာမြင်ကွင်းလဲ?ဝါးးးမိုးနတ်မင်းကြီးကျွန်တော်မျိုးဒီလိုမြင်ကွင်းကို၈နှစ်တာအလုပ်တွဲလုပ်တဲ့အချိန်အတောအတွင်းဒါပထမဦးဆုံးမြင်ဖူးတာပါ"
"စီနီယာ?ဘယ်သူနဲ့စကားပြောနေတာလဲ?"
"ငါ့ဘာသာငါဘယ်သူနဲ့ပြောပြောပေါ့"
"နွားနို့စစ်တာပဲ" ဆိုပြီးပြောလိုက်တော့ပျော်သွားပြီးဆောင်းဟွန်းကသူ့အခန်းထဲသူဝင်သွားတာပေါ့။
"ကျေးဇူးပါခင်ဗျ" ဆိုပြီးဘေးကိုလှည့်လာပြီးခုံအောက်ထဲကိုငုံ့ကြည့်လိုက်ကာ
"ကျွန်တော်သွားလိုက်ပါဦးမယ်ဗျ"
"ဪ...ဪ"
"ဒါဆို" ဆိုပြီးခေါင်းညွတ်နှုတ်ဆက်ပြီးစခန်းထဲကနေပြေးထွက်သွားတာပေါ့။
YOU ARE READING
Attachment ✓ || Milkcarrot 🥛🥕
Fanfictionအန္တရာယ်တွေနဲ့ပြည့်နှက်နေတဲ့တွင်းကြီးထဲကိုသံယောဇဉ်ဆိုတဲ့အရာတစ်ခုကြောင့်အဲ့နေ့ကကျွန်တော်ခုန်ဆင်းခဲ့တယ်။