တဲထဲမှာမနက်စာအတူတူစားကြပြီး
"စားကောင်းလား?ရော့အများကြီးထည့်စား" ဆိုပြီးထည့်ပေးနေတုန်းဆောင်းဟွန်းကိုလှည့်ကြည့်မိသွားတော့လက်ကတွန့်သွားကာ
"အကိုဗျ" ဆိုပြီးပန်းကန်လေးကိုအရှေ့တတိုးတိုးလေးနဲ့ပေါ့။
"ဪ?ဪ...ဆောရီးဆောရီးရော့ရော့ကိုယ့်ဘာသာကိုယ်ထည့်စားလိုက်တော့"
"ဟုတ်ကဲ့ဗျ" ဆိုပြီးသူ့ဘာသာသူထည့်စားလိုက်ရတာပေါ့။
စားပြီးသောက်ပြီးတာနဲ့ဦးစီးမှူးကWalkie talkieတစ်ယောက်တစ်လုံးစီပေးလိုက်ကာ
"ဝါးးးငယ်ငယ်ကဆော့ခဲ့တဲ့ဖုန်း"
"တာဝန်အရသွားရတာမျိုးတွေရှိလာမှာမို့လို့တစ်ခုခုအခက်အခဲရှိလာတာနဲ့နံပါတ်၁ကနှိပ်ပြီးအဲ့ကနေလှမ်းပြောနော်ဦးစီးမှူးကတော့မင်းကိုစောင့်ရှောက်ပေးလိမ့်မယ်"
"ဟုတ်ကဲ့ဗျ"
"ဪဪ" ဆိုပြီးနေ့လည်လောက်ရောက်တော့တာဝန်ကျလာတော့တယ်။
"အဲ့အပေါ်မှာထပ်ရှိသေးတာလားဗျ?"
"ဪဂရုစိုက်နော်ကိုယ့်ကိုယ်ကိုယ်ညမှပြန်ရောက်မှာဆိုတော့"
"စိတ်ပူနေတာလားဗျ?"
"ဟိုက်စိတ်ပူတာပေါ့မပူဘဲနေမ-" ဆိုပြီးပဲရှိသေးကြောက်ဖို့ကောင်းတဲ့အကြည့်နဲ့စိုက်ကြည့်နေတာကိုသတိထားမိသွားပြီး
"ဟားဟားသွားမှဖြစ်တော့မယ်ထင်တယ်" ဆိုပြီးအရှေ့ကနေအရင်ဆုံးတက်သွားကာဆောင်းဟွန်းလည်းတက်သွားမလို့လုပ်တော့
"စခန်းမှူးဂရုစိုက်ပါဗျ" ဆိုပြီးတဲထဲဝင်ပြေးသွားတာပေါ့။
"ရူးတော့မယ်ရူးတော့မယ်စိတ်ဆိုးပြေသွားရင်ကောင်းမှာပဲငါဘယ်လိုချော့ရမလဲ?" ဆိုပြီးကုတင်ပေါ်လူးလိမ့်နေကာညလည်းရောက်ကောဟီဆွန်းကတောင်စွန်းမှာထိုင်နေခဲ့ပြီးဆောင်းဟွန်းတို့ကပြန်ရောက်လာတော့တယ်။
"ဪ?ကောင်လေးမင်းမအိပ်သေးဘူးလား?" ဆိုပြီးမေးတော့အနောက်ကိုလှည့်ကြည့်ပြီး
"မအိပ်သေးဘူးဗျထိုင်စောင့်နေတာ"
"ဟိုက်ပြုတ်ကျမယ်ဒီကိုလာထိုင်လာလာအန္တရာယ်များတယ်" ဆိုပြီးပြောပြီးတဲထဲဝင်သွားကာဟီဆွန်းလည်းထလာတာပေါ့။
YOU ARE READING
Attachment ✓ || Milkcarrot 🥛🥕
Fanfictionအန္တရာယ်တွေနဲ့ပြည့်နှက်နေတဲ့တွင်းကြီးထဲကိုသံယောဇဉ်ဆိုတဲ့အရာတစ်ခုကြောင့်အဲ့နေ့ကကျွန်တော်ခုန်ဆင်းခဲ့တယ်။