မနက်ကျတော့ဟီဆွန်းကသတိပြန်လည်လာပြီးဆောင်းဟွန်းကိုင်ထားတဲ့လက်လေးကလှုပ်သွားတော့ဆောင်းဟွန်းလည်းနိုးသွားတာပေါ့။
ဟီဆွန်းကတော့ဆောင်းဟွန်းနိုးနေတာကိုမသိဘဲဟိုကြည့်ဒီကြည့်နဲ့ဆောင်းဟွန်းလက်ကိုဖြည်းဖြည်းချင်းဖယ်ပြီးထသွားမလို့လုပ်တုန်း
"ဘယ်သွားမှာလဲ?"
"ဟိုက်နိုးနေတာလား?"
"ဪနိုးနေတာ" ဆိုပြီးပြောတော့အနောက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်ကာ
"စိတ်ဆိုးပြေသွားပြီလားဗျ?"
"အခုချိန်မှစိတ်ဆိုးမပြေရင်လူကြီးလူကောင်းဘယ်ပီသပါ့တော့မလဲ?နေကောင်းရဲ့လားကိုက်တာခဲတာမျိုးခံစားနေရလား?"
"နည်းနည်းခံရတယ်ဗျ"
"ခနလေးကိုယ်ဆရာဝန်သွားခေါ်လိုက်ဦးမယ်" ဆိုပြီးထသွားတော့တယ်။
ဆရာဝန်ခေါ်လာပြီး
"လူနာသတိရလာပြီလားဗျ?"
"ဟုတ်ကဲ့ဗျ"
"နေလို့ထိုင်လို့ကောင်းရဲ့လား?သွေးခနတာပြတ်လတ်သွားတာဆိုတော့နည်းနည်းတော့ကိုက်တာခဲတာမျိုးတို့နုံချိချိဖြစ်တာမျိုးကအနည်းနဲ့အများတော့ခံရလိမ့်မယ်"
"ဟုတ်ကဲ့အဲ့လိုမျိုးခံရတယ်ဗျ"
"မျက်လုံးလေးတစ်ချက်စစ်မယ်နော်" ဆိုပြီးမျက်လုံးနှစ်ဖက်လုံးကိုမီးနဲ့ထိုးကြည့်လိုက်ကာ
"ကောင်းတာတော့ကောင်းသွားပါပြီသို့သော်ဆေးရုံမှာတော့၃ရက်လောက်ထပ်နေရဦးမယ်ပြီးရင်တော့ဆေးရုံဆင်းလို့ရပါပြီ"
"အာကျေးဇူးပါဗျ"
"ရပါတယ်နေ့လည်လောက်ကျရင်သူနာပြုဆေးထိုးဖို့လာပါလိမ့်မယ်အစားလေးကိုများများလေးကျွေးပေးထားပါလူနာနညမးနည်းတော့ခံနိုင်ရည်ရှိမှရမှာမို့လို့"
"ဟုတ်ကဲ့ပါ"
"ဒါဆို" ဆိုပြီးအခန်းထဲကနေထွက်သွားပြီး
"တောင်းပန်ပါတယ်ပိုက်ဆံအပိုကုန်အောင်လုပ်မိတာကြောင့်"
"အဲ့ဒါမင်းပြောရမယ့်စကားလား?" ဆိုပြီးဟီဆွန်းကုတင်ပေါ်မှာထိုင်လိုက်ရင်းမျက်နှာနားကြီးတိုးလာတော့ဟီဆွန်းလည်းမျက်လုံကိုတင်းတင်းပိတ်လိုက်တာပေါ့။
YOU ARE READING
Attachment ✓ || Milkcarrot 🥛🥕
Fanfictionအန္တရာယ်တွေနဲ့ပြည့်နှက်နေတဲ့တွင်းကြီးထဲကိုသံယောဇဉ်ဆိုတဲ့အရာတစ်ခုကြောင့်အဲ့နေ့ကကျွန်တော်ခုန်ဆင်းခဲ့တယ်။