စက်ဘီးပေါ်တက်လိုက်ပြီး
"ငါမှန်းသိရင်ကောင်းမှာပဲ" ဆိုပြီးတွေးနေတုန်းမိုးရွာချလာကာ
"ဟိုက်သွားပြီ" ဆိုပြီးစက်ဘီးကိုအမြန်နင်းချသွားတော့တယ်။နွားနို့ဆိုင်ရောက်တော့ဆိုင်ရှင်ကနွားနို့ညှစ်နေပြီးစက်ဘီးရပ်သံကြားလိုက်တော့လှည့်ကြည့်လိုက်ကာ
"ကြွက်စုတ်လေးဖြစ်သွားပြီပဲ" ဆိုပြီးရယ်လိုက်ပြီး
"ဒီမှာနေသာနေတာပဲဗျ"
"ဟုတ်တယ်ဒီနေရာကမိုးရွာဖို့ခက်ခဲတယ်မင်းကအသစ်လေးဆိုတော့အချိန်ကြာလာရင်သိသွားလိမ့်မယ်" ဆိုပြီးနွားနို့ဆက်ညှစ်နေတာနဲ့ဝင်သွားမလို့လုပ်တုန်း
"အထဲမှာသဘက်ရှိတယ်သေချာသုတ်လိုက်နော်အအေးမမိစေနဲ့" ဆိုပြီးပြောလိုက်တာပေါ့။
"ဟုတ်ကဲ့ပါခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ဗျ"
"မလိုပါဘူးငါ့တာဝန်ကဝန်ထမ်းတွေကိုစောင့်ရှောက်ပေးတာရယ်နွားနို့ညှစ်တာရယ်ပဲရှိတဲ့ဟာကိုးသွားသွားအအေးမိမယ်" ဆိုပြီးပြောတော့အထဲကိုဝင်သွားပြီး
"တော်တော်လိမ္မာတဲ့ကလေးလေးပဲ"
"နော့်ဝူဂျင်း" ဆိုပြီးပွတ်လိုက်ကာတစ်ဖက်မှာဟီဆွန်းလည်းသဘက်ကိုယူလိုက်ရင်းခေါင်းကိုသေချာသုတ်လိုက်တော့တယ်။ခေါင်းသုတ်နေရင်းတောင်သူ့အကြောင်းကကြောင်းကခေါင်းထဲဝင်လာခဲ့ပြီး"ဘာလို့များ..." ဆိုပြီးစဉ်းစားနေတုန်းဆိုင်ရှင်ကဝင်လာတော့ထနှုတ်ဆက်ကာ
"မလိုပါဘူးမဟုတ်ရင်စာသင်ပေးတဲ့ဆရာကျနေတာပဲ" ဆိုပြီးမီးဖိုချောင်ထဲဝင်သွားတာပေါ့။ဟီဆွန်းလည်းအနောက်ကနေလိုက်ခဲ့ပြီးအပေါက်ဝနားရပ်နေတော့
"ဒါသေချာသန့်စင်လိုက်"
"ဘာလိုချင်လို့အနောက်မှာရပ်နေတာလဲ?""အဲ့လိုမဟုတ်ပါဘူးဗျ"
"သေချာသုတ်ထားရဲ့လား?" ဆိုပြီးခေါင်းလေးကိုနူးနူးညံ့ညံ့ကိုင်လိုက်ကာ
"နည်းနည်းစိုနေတာပဲသုတ်ပေးမယ်"
"အသစ်ဖြစ်ပြီးတော့သူဌေးကငါတို့ထက်စာရင်အပစားပေးလွန်းတယ်မထင်ဘူးလား?"
YOU ARE READING
Attachment ✓ || Milkcarrot 🥛🥕
Fanfictionအန္တရာယ်တွေနဲ့ပြည့်နှက်နေတဲ့တွင်းကြီးထဲကိုသံယောဇဉ်ဆိုတဲ့အရာတစ်ခုကြောင့်အဲ့နေ့ကကျွန်တော်ခုန်ဆင်းခဲ့တယ်။