နောက်တစ်နေ့ရောက်တော့စခန်းမှာဘယ်သူမှမရှိနေဘဲ
"အိုဟိုးလူလေးနွားနို့လာပို့တာလား?"
"အာဟုတ်တယ်ဗျ"
"ကပ်သီးလေးလွှဲသွားတာပေါ့"
"ဗျာ?"
"ခုနကအားလုံးဝရုန်းသုန်းကားနဲ့ပြေးထွက်သွားပုံထောက် မနေ့ကတရားခံလွတ်သွားတာထင်တယ်"
"လွတ်သွားတယ်?"
"ဪ" ဆိုပြီးပြောတော့စိတ်ပူသွားပြီးစခန်းထဲကနေမြန်မြန်ပြေးထွက်သွားကာ
"ငါလည်းသန့်ရှင်းရေးလုပ်ဦးမှပါ" ဆိုပြီးတံမြက်စည်းလှဲရင်းကျန်ခဲ့တော့တယ်။
စက်ဘီးပေါ်မြန်မြန်တက်လိုက်ပြီးအရှိန်ပြင်းပြင်းနဲ့နင်းတော့ကာ
"အန္တရာယ်များနိုင်တယ်ငါဘယ်ကိုလိုက်သွားရမှာလဲ?မသိတော့ဘူး" ဆိုပြီးတည့်တည့်မတ်မတ်ပဲသွားလိုက်တာပေါ့။
ကံကလည်းကောင်းချင်တော့လမ်းကြားလေးတစ်ခုကိုဖြတ်ရင်းရဲကားတွေကိုတွေ့သွားပြီးအနောက်ကိုပြန်လှည့်လာကာစက်ဘီးကနေမြန်မြန်ပြေးဆင်းတော့တယ်။
ဖြေးဖြေးချင်းလျှောက်သွားကြည့်တော့ရဲ တွေရပ်နေတဲ့ကြားကနေအဝတ်အဖြူနဲ့အုပ်ထားတဲ့သူကိုမြင်သွားပြီးမျက်ရည်တွေအလိုလိုစီးကျလာကာ
"မဖြစ်ဘူးမဖြစ်ဘူး" ဆိုပြီးအော်ရင်းအနားကိုပြေးသွားတာပေါ့။
ရဲတွေလည်းလန့်သွားပြီး
"ထပါဦးထပါဦးဘာလို့အခုလိုမျိုးအစောကြီးထားသွားရတာလဲ?ဘာလို့လဲ???" ဆိုပြီးငိုယိုရင်းအလောင်းကိုလှုပ်နိုးနေတာ့
"ဘယ်ကကောင်လေးလဲ?ဖမ်းလိုက်စမ်း" ဆိုပြီးပြောတာနဲ့ချက်ချင်းအနားကိုရောက်လာကြကာဖမ်းချုပ်လိုက်ကြတော့တယ်။
"ဖယ်ပေးပါဖယ်ပေးပါတစ်ခါလောက်ပဲတစ်ခါလောက်ပဲသူ့မျက်နှာလေးကြည့်လိုက်ချင်လို့ပါ"
"ကြံရာပါဖြစ်နိုင်တယ်ဒါမှမဟုတ်မိသားစုဝင်ပဲ"
"ကြံရာပါ?ဘယ်လိုတောင်ပြောရက်တာလဲ?" ဆိုပြီးရဲနှစ်ယောက်လုံးကိုတွန်းထုတ်ပလိုက်ကာရဲမှူးကိုင်ထားတဲ့သေနတ်ကိုမြင်ပြီးကော်လံကိုဆွဲလိုက်တေ့တယ်။
YOU ARE READING
Attachment ✓ || Milkcarrot 🥛🥕
Fanfictionအန္တရာယ်တွေနဲ့ပြည့်နှက်နေတဲ့တွင်းကြီးထဲကိုသံယောဇဉ်ဆိုတဲ့အရာတစ်ခုကြောင့်အဲ့နေ့ကကျွန်တော်ခုန်ဆင်းခဲ့တယ်။