Hombre Helado (Icy Man)

500 42 1
                                    


"ရိပေါ်

မင်းရဲ့ ဆရာအသစ်ကလေး မြဲလှချည်လား"

"အလကားပါကွာ
သူမဟုတ်လည်း အဘွားတို့ နောက်တစ်ယောက်ထပ်ခေါ်နေမှာ စိတ်ရှုပ်လို့"

"အေးပါကွာ
အချိန် နှစ်နာရီလောက်က ဘာများထူးဆန်းလို့လဲ"

မူကြို ကလေးထိန်းကျောင်းကတည်းက ယွီပင်း နဲ့ဝမ်ရိပေါ်က အတူရှိခဲ့ကြတာ။ ယွီပင်းက လူချစ်လူခင် များလွန်းပေမယ့် ဝမ်ရိပေါ် နဲ့သာ အမြဲ တတွဲတွဲ နေတတ်သူ။ ဝမ်ရိပေါ် အတွက်လဲ ယွီပင်း ကသာ တစ်ဦးတည်းသော သူငယ်ချင်းရယ်ပါ။ ဝမ်ရိပေါ်က အပေါင်းအသင်းတွေ အများကြီးနဲ့ ရှုပ်ထွေးရတာ မကြိုက်ဘူး။

အချိန် နည်းနည်းလောက် ကြာလာတော့လည်း ရိပေါ် စိတ်ထဲမှာ ဒီလူနဲ့စာသင်ရတာ မဆိုးပါဘူးလို့ ထင်လာတယ်။ စာကောင်းကောင်း လိုက်လုပ်ရင် ကျန်တဲ့ နှစ်ရက်လောက် စာမသင်ရဘူး။ အဲ့လိုရက်တွေမှာ ဘာကြောင့်ရယ်မသိ ဝမ်ရိပေါ်က အဲ့ဒီလူကို ပြန်လဲ မလွှတ်မိပါဘူး။ သူ နှစ်ခြိုက်စွာ အိပ်ပျော်တတ်တဲ့ လူတစ်ယောက်ကို ထိုင်ကြည့်နေရတာ အလုပ်တစ်ခုလို ဖြစ်လာတော့တာပါပဲ။ အဲ့ဒီလူရဲ့ မျက်လုံးနဲ့ စိတ်ခွန်အားက အဖွင့်အပိတ် ခလုတ်လိုပဲ။ စာသင်ရင် ရှင်းလင်း တက်ကြွနေသလောက် အိပ်ပြီဆိုလဲ ခဏချင်း အိပ်ပျော်တာပါပဲ။

ရှောင်းကျန့် ဆိုတဲ့လူဟာ အခြားသူနဲ့ဆို ယဉ်ကျေးနှိမ့်ချလွန်းတယ်။ သူ့အပေါ်ကိုသာ အေးစက်နေပုံလည်းရတယ်။ စကားကို သူတစ်ခွန်း၊ ကိုယ်တစ်ခွန်းကလွဲပြီး တစ်လုံးတောင် အပိုမပြောတတ်တဲ့သူ။ ညတွေကို အိပ်ပျော်ဖို့ ခက်ခဲတဲ့ ဝမ်ရိပေါ် နဲ့ အိပ်ချိန်တွေ အမြဲလိုအပ်နေတဲ့သူ။ လားရာရော၊ လာရာရောက ဆန့်ကျင်ဘက်ပါပဲ။ သူတို့နှစ်ယောက် ပုံစံက ဘယ်လိုမှ တူမနေခဲ့ဘူးလေ။

"ရှောင်းကျန့် ကော"

"ဘာလို့လဲ ရိပေါ်
ဘာနားမလည်လို့လဲ"

"စာမဟုတ်ပါဘူး။ စကားပြောချင်လို့"
ရိပေါ်က အသံကို ကြိုးစားပြီး တည်ငြိမ်အောင် ပြောလိုက်တယ်။

"ပြောလေ"
နွေးထွေး ကောင်းမွန်စွာ တုန့်ပြန်လာလို့ တော်သေးတာပေါ့။

Esperanza (Hope)Where stories live. Discover now