Cemetery
အစိမ်းရောင် တောင်ကုန်းမို့မို့။
ခဏခဏ မလာနိုင်လို့ တောင်းပန်ပါတယ်။
ရှောင်းကျန့်က မြေနေရာကို အနည်းငယ် သေချာရှင်းပြီး ဝိုင်နဲ့ကိတ်ကို ခင်းလိုက်တယ်။ ဖယောင်းတိုင်တော့ မထွန်းတော့ပါဘူး မေမေ။ ဒီမှာ မေမေကြိုက်တဲ့ နှင်းဆီအဖြူတွေ။"ဒါ ဝမ်ရိပေါ် တဲ့ မေမေ"
"ရိပေါ် မိတ်ဆက်လိုက်ဦး"
ဝမ်ရိပေါ်က ကိုယ်ကို ကိုင်းညွှတ်ပြီး နှုတ်ဆက်လိုက်တယ်။"အခုမှ မိတ်ဆက်ရလို့ နားလည်ပေးပါ။
ကျနော်က ရှောင်းကျန့် ရဲ့ အမျိုးသားပါ။
အခုထိတော့ သူပျော်လာအောင် လုပ်မပေးနိုင်သေးပါဘူး။ ဒါပေမယ့်လည်း ကြိုးစားပြီး ပျော်အောင် ထားပါ့မယ်"ဝမ်ရိပေါ်က တိုးတိုးလေး မိတ်ဆက်လိုက်တယ်။ စိတ်ထဲမှာ နည်းနည်းေတာ့ သူပျော်ရသလိုပါပဲ ။ ကောကောရဲ့ မိသားစုနဲ့ တရားဝင် မိတ်ဆက်ရတာက။ သူ့ကိုလည်း ရှောင်းကျန့်က မိသားစုလို့ အသိအမှတ် ပြုလိုက်တာလား။
ရှောင်းကျန့် နဲ့ အတူတူ သူ့မေမေ့ကို ကန်တော့ကြတယ်။ ရှောင်းကျန့်က သိုသိပ်လွန်းတယ်။ သူကသာ သူ့မှာ ဖြစ်ပျက်ခံစားရသမျှ ရှောင်းကျန့် ရှေ့မှာ မကွယ်ဝှက်နိုင်ပေမယ့် ရှောင်းကျန့် အကြောင်း သူသိပ်မသိပါဘူး။ ကောရဲ့ မိသားစုတွေက ပုံမှန် မဟုတ်သလို ဆိုတာကလွဲ သူ ဘာမှမသိဘူး။ ရှောင်းကျန့် ကိုယ်တိုင်လည်း အိမ်သိပ်မပြန်သလို၊ အိမ်ပြန်တဲ့အခါတိုင်းလည်း သူ့ကို အိမ်ထဲခေါ်လေ့မရှိတာမို့ ရှောင်းကျန့်ရဲ့ မိသားစုနဲ့ မရင်းနှီးပါဘူး။
ကိတ်မုန့်ကို ခွဲပြီးတာနဲ့ ရှောင်းကျန့်နဲ့ ဝမ်ရိေပါ်ကအနည်းငယ် မေမေနဲ့ သောက်ကြပြီးနောက် cemetery ကနေ အောက်ကို တဖြည်းဖြည်း ဆင်းလာခဲ့တယ်။ ရှောင်းကျန့်ကောဟာ တိတ်ဆိတ် ငြိမ်သက်လို့။
"ဝမ်ရိပေါ်
အချိန်ရလား""ဘာလုပ်စရာမှ မရှိဘူးလေ
ရပါတယ်"ကားလေးဟာ မြို့ပြင်ကိုဖြတ်ပြီး အနည်းငယ် ချောင်ကျတဲ့ လမ်းကလေး ချိုးကွေ့ခဲ့တော့တယ်။ မြို့ပြနဲ့ ကွာဝေးလာတာနဲ့အမျှ စိတ်ဟာ ပိုပြီး လန်းဆန်းလာတယ်။ ဒီမြို့ဟာ တောင်တွေကို ဖြတ်ပြီး ပတ်ရတဲ့ မြို့လေးတစ်မြို့။ အဲ့မြို့လေးကို ကျော်ပြီးမှ မထင်မရှား ရွာကလေးရှိတယ်။ အဲ့ဒီနောက်မှာမှ စိမ်းစိမ်းစိုစို အပင်တွေနဲ့ အိမ်ငယ်လေး။ ပွင့်နေဆဲ ပန်းလေးတွေနဲ့ ဒီနေရာက တော်တော်သာယာတယ်။