Otoño (Autumn 🍁)

323 40 2
                                    

ဝမ်ရိပေါ် အိမ်ခွဲနေတာ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက။ သူ့ဖေဖေဟာ ဘယ်တုန်းကမှ သူနဲ့ စကားများများပြောဖို့ စိတ်ဝင်စားခဲ့တာ မဟုတ်ပါဘူး။ ဖေဖေ့ဘက်မှာလဲ သူ့ကိုမြင်တိုင်း အဲ့အမျိုးသမီးအကြောင်း နာကျည်းချက်တွေနဲ့ ဖြစ်ပုံရတယ်။ ကျနော့်အတွက်လည်း ဖေဖေဟာ မလိုအပ်ခဲ့ပါဘူး။ လူကြီးတွေရဲ့ ပြဿနာမှာ သူလည်း ထိခိုက်နစ်နာခဲ့ရသူ မဟုတ်လား။

"ဘွားဘွား"

"ရိပေါ် လေး လာတယ်"

"သား ဘွားကို တောင်းဆိုစရာ ရှိလို့"

"ပြောလေ။ ဝမ်ရိပေါ် လိုချင်တာ အကုန်ပြောလေ"

"Professor Min နဲ့ တစ်ချိန်လောက် သား စာသင်ချင်တယ်"

"သား စာလုပ်ချင်လို့လား"

"ဟုတ်"

တက္ကသိုလ် ရောက်ကတည်းက စာကို စိတ်ပါဝင်စားလှတာ မဟုတ်ရာက စာသင်ဖို့ပြောတော့ ရိပေါ်ရဲ့ အဘွားဟာ ပျော်ရွှင်နေပုံရတယ်။ ဆရာရှောင်း ဆိုတာ စာကို အပြင်မှာ လိုက်သင်နေတဲ့သူမှ မဟုတ်တာ။ သူ့မြေးလေးအတွက် အကူအညီတောင်းရဦးမယ်။

_______

ဟိုကလေးရဲ့ သတင်းတွေဟာ ရှောင်းကျန့် မကြားချင်မှ အဆုံးပဲ။ ရည်းစားပေါင်းများစွာ ရှုပ်သည်တဲ့။ ကျောင်းအတန်းချိန်တွေ ဘယ်တုန်းကမှ မမှန်သလို ဘယ်သူ့ကိုမှ ဂရုမစိုက်တာကလည်း အရင်ကထက် ပိုဆိုးလာသေးတယ်။ ရှောင်းကျန့်ဟာ မငြင်းနိုင်စရာအကြောင်းတွေနဲ့ နောက်တစ်ကြိမ် သူရှိရာ ရောက်လာပြန်ပြီလေ။

ခြံထဲကို ချိုးဝင်လာတဲ့ ကားကို မြင်တော့ ရှောင်းကျန့်ရောက်လာပြီဆိုတာ သိလိုက်ရတယ်။ ရှောင်းကျန့်က ဘာတွေ ပြောင်းလဲသွားလဲ မသေချာဘူး။ အသက်အရွယ်အရ ပိုပြီး တည်ငြိမ် ခန့်ညားလာသလိုပဲ။ ညိုညက်ကြည်စင်တဲ့ အသားအရည်နဲ့ရှောင်းကျန့်က နှစ်နှစ်အတွင်း ရင့်ကျက်လာလိုက်တာ။ အမြဲအိပ်ချင်နေတဲ့ ကျောင်းသားတစ်ယောက် မဟုတ်တော့ဘူး။

"ရှင်းရှင်း နောက်မှတွေ့မယ်နော်"

ဝမ်ရိပေါ်က ပူးကပ်နေရာကနေ မနေ့ကမှ အသစ်စက်စက်တွဲထားတဲ့ ရည်းစားကို ခွာလိုက်တယ်။

Esperanza (Hope)Where stories live. Discover now