Te Necesito (I need you)

251 29 2
                                    


အရောင်တွေအကြောင်းကို ကျနော်တို့နှစ်ယောက်လုံးမသိပါဘူး။ အတူရှိတဲ့ နေ့တွေဟာ များလာတဲ့အခါ ကျနော်တို့ နီးကပ်လာသလိုပါပဲ။ စာသင်နှစ် တစ်နှစ်ကနေ ပြီးတော့ နောက်ထပ်တစ်နှစ်။ တစ်ယောက်နဲ့ တစ်ယောက် အတူဆက်ရှိနေဖို့ ရွေးချယ်လိုက်တယ်ဆိုတာ အလုပ်ခွင်ဖြစ်စေ၊ အခြားသော ပတ်သက်မှုဖြစ်စေ ဆက်ရှိနေသေးလို့ ရလို့ပဲ မဟုတ်လား။ လုပ်ယူကြိုးစားကြတာ မဟုတ်ဘဲ အလိုအလျောက် ပျော်ဝင်လာတာ။ အဲ့လိုပြောလို့ ကျနော်တို့မှာ အဆင်ပြေတဲ့နေ့ရပ်တွေချည်းလို့ မထင်ပါနဲ့။ ရှောင်းကျန့်က သူ့ပုံစံနဲ့သူ သူ့မာနကို ရှေ့တန်းတင်ထားပြီး သူသဘောမကျတာတွေ ရှိတဲ့အခါ အမြဲ ဂရုမစိုက်မြဲပါပဲ။ ကျနော်ဟာလည်း အလုံးစုံ ကျနော့် နေထိုင်မှုကို ပြောင်းလဲ မပစ်လိုက်နိုင်ဘူး။ နေသားတကျ ဆိုးပေမြဲပါပဲ။ ဆိုးတယ်ဆိုတာ တစ်ပါးသူတွေ ပေးထားတဲ့ မှတ်ချက်တစ်ခုသာလို့ ကျနော်က ယုံတယ်။ ကျနော်မှာ တင်းခံရမဲ့၊ တောင့်ခံထားရမဲ့ အကြောင်းအရာတွေ ရှိတယ်။ လက်သီးနဲ့ ဖြေရှင်းတာဖြစ်ဖြစ်၊ စီးကရက်ငွေ့နဲ့ ဖြေရှင်းတာ ဖြစ်ဖြစ်ပေါ့။ အသေးစားပြောင်းလဲမှုအနေနဲ့တော့ ကျနော်ဟာ စာသင်ချိန်မှန်လာသလို စာကိုလည်း ကောင်းကောင်းလိုက်လုပ်နေပါတယ်။ သူဟာ အပြုအမူနဲ့ စကားတွေနဲ့ မဖော်ပြတတ်၊ မနွေးထွေးတတ်သည့်တိုင် လိုအပ်လာချိန်တိုင်း ကျ‌နော့် အနားရှိနေဆဲပါပဲ။  ရှောင်းကျန့်အမြင်မှာ ကျနော်ဟာ အမြင်ကတ်စရာ သူဌေးသား၊ အထင်သေးစရာ လူတစ်ယောက်ဖြစ်ပြီး ဘာမှ သူသဘောကျစရာ ရှိမနေခဲ့ဘူး။ အဲ့ဒီထက်ပိုတဲ့ သံယောဇဉ်တွေ၊ နွေးထွေးစောင့်ရှောက်မှုတွေ၊ လိုအပ်မှုတွေ တွယ်ငြိမှုတွေကို စတင်ပြီး ခံစားမိတဲ့ အချိန်မှာ ကျနော်က ရှောင်းကျန့်အပေါ် ရူးနေခဲ့ပြီ။

တရုတ်နိုင်ငံရဲ့ တက္ကသိုလ်ဝင်တန်းက ပင်ပန်းတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာမှာလဲ ဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ ကျနော့်အတွက် စာသင်ချိန်တွေဟာ များသထက် များလာတယ်။ ‌ဝမ်ရိပေါ်အတွက် ကျောင်းတွင်းဖြစ်စေ ပြင်ပ စာသင်ချိန်တွေဟာ ဖြစ်စေ ပိုလေးနက်လာတာပါပဲ။ ရှောင်းကျန့်ကို အနားယူစေချင်တဲ့အခါ ကိုယ်ပိုင် ညဉ့်နက်တဲ့အထိ စာလုပ်ပြီးမှ ပေးနားရတာမျိုးလေ။ ရှောင်းကျန့်မှာ သူ့ရဲ့ ကိုယ်ပိုင် စာလေ့လာချိန်တွေကို ဘယ်လို စီမံနေလဲ သူ မသိဘူး။ သူ့မှာ အလုပ်ချိန်တွေ အများကြီး ရှိတာကိုတော့ သိတယ်။ အချိန်ပိုင်း အစားအသောက် ပို့တဲ့အလုပ်ကို သူ့အရွယ် အထက်တန်းကတည်းက ရှောင်းကျန့်က စ ခဲ့တာတဲ့။ တက္ကသိုလ်တက်တော့ အခြားကျောင်းသားတွေကို စာ ပြတယ်။ သူ့ရဲ့ အစားအသောက် လိုက်ပို့တဲ့ အလုပ်ကိုလဲ လုပ်နေတုန်းပဲလေ။ ရှောင်းကျန့်ကို သူက နားစေချင်ပါတယ်။ ဒါကြောင့် အခြားအချိန်‌မှာ ကောင်းအောင် မနေနိုင်ရင်တောင် ရှောင်းကျန့်နဲ့ အတူရှိချိန်မှာတော့ အကောင်း‌ဆုံး ရှိချင်တယ်လေ။

Esperanza (Hope)Where stories live. Discover now