ကိုယ် ဟိုမှာ ကျောင်းဆက်တက်ဖြစ်မယ်
ဟိုမှာ အလုပ်ဝင်ဖြစ်မယ် ဝမ်ရိပေါ်""နားလည်ပြီ"
သေချာ စီစဉ်ထားပြီးအရာတစ်ခုကို အသိပေးရုံ သက်သက်ပါပဲ။ သူ့မှာ တားခွင့်မရှိပါဘူး။ သူအမြဲ ရှောင်းကျန့်ကို ရှုံးနိမ့်ပြီးသားပါပဲ။
"ဘယ်တော့ သွားမှာလဲ"
"နောက်တစ်ပတ်နေရင်..."
"အားလုံးစီစဉ်ပြီးသားပဲ ထင်တယ်။ ရှောင်းကျန့် လိုအပ်မယ်ထင်တာ ကျနော်နဲ့အတူ သွားဝယ်ကြမယ်လေ"
"ဟင့်အင်း။ ကိုယ် ဒီအတိုင်း ကျန်တဲ့ရက်ကိုတော့ မင်းနဲ့ အတူ ဖြတ်သန်းချင်ပါတယ်"
ဒါနဲ့များ ဘာလို့ ထွက်သွားချင်ရတာလဲ။ ရှောင်းကျန့် ဟာ အမြဲ ရက်စက်တယ်။ တစ်ဖက်သတ် အတွေးကလွဲရင် သူ့ဘက်ကို တွေးတောင် မတွေးတဲ့လူပဲ။ အများကြီး နာကျင်စေခဲ့ဖူးပြီပဲ။ ရှောင်းကျန့် ကို သူ ပျော်စေချင်ပါတယ်လေ။
သာမန်ထက်ပိုပြီး နာကျင်တဲ့နေ့တွေကို သာမန်လို ဖြတ်သန်းနေရတာ ဝမ်ရိပေါ်အတွက် မလွယ်ကူဘူး။
ကျင့်သားရနေပြီသား ထမင်းစားပွဲမှာ တစ်ယောက်ပျောက်သွားရင်အတွေးဟာ အရူးလိုပဲ။
ချန်ထားရစ်တော့မှာသေချာလို့ ပေးတဲ့ ဂရုစိုက်မှုတွေက သူ့ကို ပိုလို့ နာကျင်စေတယ်။
တစ်ချိန်လုံး အမြင် မကြည်လင်ကြရာက၊ အငြင်းပွားရာက နောက်ဆို ရန်ဖြစ်နိုင်ပါ့မလားတွေးတော့လည်း ဝမ်းနည်းရတာပါပဲ။
ဘာမှမဖြစ်သလို ကြိုးစားတည်ဆောက်နေရတာကိုက ပြိုလဲခြင်း တစ်မျိုးပါပဲ။
ဘယ်သူက အနိုင်လဲ။ ဘယ်သူက အရှုံးလဲ။ နှစ်ဦးစလုံး နာကျင်ရတယ်ဆိုရင်တောင် ကျနော်က အရှုံးပေးချင်ပါတယ် ရှောင်ရှောင်းကျန့်။
ကျေပါ။
ပြီးတော့ ပြေပါ။_____
နှစ်တွေ အများကြီး အတူရှိပြီးမှ နောက်ဆုံး ခွဲခွာရတယ်ဆို ဒါဟာ အဲ့နှစ်တွေကို ဖြုန်းတီးတာပဲလား။ ဘာအကျိုးရလဒ်မှာ မရှိခဲ့ဘူးလား။
မဟုတ်ပါဘူး။
ရှောင်းကျန့်သာ မရှိခဲ့ရင် သူ့နှစ်ကာလများဟာ ပျော်စရာအဖြစ် ရှိခဲ့မှာတောင် မဟုတ်ခဲ့ဘူးလေ။
ကျေးဇူးတင်ပါတယ်။