The Best Gift

317 31 6
                                    

အခုရက်ပိုင်းမှာကျလည်း ရှောင်းကျန့် က သူနဲ့မတူအောင် ရင်းနှီး နွေးထွေးလွန်းတယ်။ ဘာမဆို ရင်ခုန်တတ်တဲ့ ကျနော့်စိတ်ကပဲ ထင်နေတာလား မဝေခွဲနိုင်ဘူး။ ကောကောက တစ်ခုခုကို ပျောက်ရှသွားမှာကြောက်နေသလိုမျိုး အနားမှာ ဇွတ်တိုး တွယ်ကပ်နေတော့တာ။

"ဝမ်ရိပေါ်"

မလုပ်နဲ့လေ၊ ထိုင်နေ ကိုယ် လုပ်လိုက်မယ်

ကျနော်လေ ရှောင်းကျန့်ကို ထိုင်ကြည့်ရတာ သဘောကျတယ်။ တကယ်တော့လည်း ရှောဂ်းပျန့်ဆိုတဲ့ သူရဲ့ ဖြစ်တည်မှုအကုန်လုံးကို သဘောကျနေတာပါပဲ။

'ကောကောက
ဘယ်မှ မသွားဘူးလား"

"ဝမ်ရိပေါ် သွားစရာရှိလို့လား
ကိုယ် လိုက်ပို့ရမလား"

"မဟုတ်ပါဘူး။ ဒီအတိုင်း...."

ရှောင်းကျန့်က မဖော်ပြတတ်ဘူးထင်ခဲ့တာ။ အေပရွန်ဝတ်ပြီး ရိပေါ်စားချင်တာ အကုန်လုံးကို ချက်ပြုတ်ပြင်ဆင်ပေးနေတယ်။ ရှောင်းကျန့်နဲ့သူရဲ့ အိမ်ထောင်ရေးက ဒီလိုနေ့ကလေး တစ်ရက်သော်မှ ပိုင်ဆိုင်ရမယ်လို့ သူ မထင်ခဲ့ဘူး။ နှဖူးပေါ် ဝဲကျလာတဲ့ ဆံနွယ်ကလေးတွေကို Hairband အဝါလေးနဲ့ ရှောင်းကျန့်က သိမ်းထားသေးတယ်။ သေချာကြည့်တော့မှ ရှောင်းကျန့်ဆံပင်က  မဆိုသလောက်လေး ရှည်နေပြီပဲ။ လက်ချောင်းရှည်ရှည် သွယ်သွယ်ကလေးတွေမှာ သူ ဟင်းချက်တဲ့က ထင်းလင်းလို့။ ဘာလို့များ ဒီလူသားရဲ့ အသေးစိတ်က စွဲလန်းဖို့ ကောင်းနေရတာလဲ။ ဘာဖြစ်လို့များ ဒီလူသားကို လောဘတက်မိတာလဲ။ သူရဲ့တည်ဆောက်ပုံသာ မမှားရင် ရှောင်းကျန့်က သူ့ဆီရောက်လာမှာပဲ။ အခုလည်း သူ့အပေါ် အရိပ်လိုပဲ မဟုတ်လား။ ဒါပေမဲ့ ရှောင်းကျန့်ဘက်က အမြင်ကရော။

"တောင်းပန်ပါတယ် ကောကော"

ဝမ်ရိပေါ် စိတ်ထဲကနေ တိုးတိုးကလေး ပြောမိတာပါ။

"အား..."

"ကောကော ဓားထိတာပဲ

ပြဦး။ သွေးတွေ အများကြီးပဲ"

ရိပေါ်က သူ့လက်ကို ဆွဲယူပြီး ရေပန်းအောက်ကို ထားလိုက်တယ်။

Esperanza (Hope)Where stories live. Discover now