Viento De Dormenta (The Storm Wind)

284 32 3
                                    

ရှောင်းကျန့်နဲ့ ပတ်သတ်တဲ့ အပြုအမူတိုင်းဟာ ရိပေါ်ဘက်မှာ ကမ္ဘာပျက်မတတ် ရင်ခုန် ရူးသွပ်ခဲ့ရတာချည်းပါပဲ။ ဒါက ပထမဆုံး အကြိမ်တော့ မဟုတ်ခဲ့ပါဘူး။ ဘယ်လောက်ပဲ တင်းခံထားထား ဒီလူသားနဲ့ဆုံတိုင်း ရင်ခုန်မြန်ရသည်လေ။

"ကောကော
ဆေးရုံကဆင်းရင် ကစားကွင်းသွားမလား"

"မသွားချင်ဘူး"

"ကျနော် စာကြိုးစားထားတယ်လေ"

"မသွားဘူး"

"ဂိမ်းအတူဆော့မလား"

"မဆော့ဘူး"

အငြင်းဝါကျတွေချည်း ပီပီသသထွက်လာတဲ့ သူကြောင့် ဘာမှ မအောင်မြင်ပါ။ တကယ်တော့ ဒီကလေးကို ရှောင်းကျန့် ကိုယ်တိုင် လျစ်လျူရှူထားချင်တာတော့မဟုတ်ဘူး။ ဂရုမစိုက်တတ်တာကိုက သူ့ပင်ကို ပုံစံပဲ ဖြစ်လိမ့်မယ်။ ဝမ်ရိပေါ်က တစ်ခါတစ်ရံမှာ ချစ်ဖို့ကောင်းတယ်ဆိုတာလည်း ရှောင်းကျန့်အတွက်တော့ အချိန်အနည်းငယ်ပါပဲ။ ဘယ်အချိန် ထဖောက်မလဲ မသိတဲ့ သူ့ စိတ်အခြေခံနဲ့ အကြောင်းအရာတွေ နားလည်လက်ခံလာသည့်တိုင် ဖြေရှင်းနည်းမှားနေတာကိုတော့ သူသဘောမကျဘူး။ ဒါဆို သူ ကိုယ်တိုင်မှာရော...။

"ဝမ်ရိပေါ်
အချိန်သိပ်တော့ မရဘူး။
ကိုယ် အပြင်သွားမယ် လိုက်မလား"

"အင်း"

ဒီခရီးက စိတ်ဖိစီးမှုများနေတဲ့ သူ့အတွက် အထောက်အကူ ဖြစ်ကောင်းမှာပါ။ အချိန်ပိုင်းအလုပ်တွေ ဖျက်ပြီး ရှောင်းကျန့်က တကူးတက စီစဉ်ခဲ့ရတာ။ ဘာလို့ ဒါတွေ လုပ်ပေးချင်နေမိလဲ သူမသိဘူး။ အတူတူ ရှိနိုင်တဲ့အချိန်တွေ အများကြီး မကျန်တော့တာမို့လား။ ဝမ်ရိပေါ် သဘောထားက ဘယ်လိုလဲ မသိပေမဲ့ သူ့အတွက်တော့ စာသင်နှစ် (၂)နှစ်လုံး အတူရှိခဲ့တဲ့သူ မဟုတ်လား။

"Bus ကားလား"
ဝမ်ရိပေါ်က အံ့ဩသလိုပြောတယ်။

"အင်းလေ။ ပထမဆုံး စီးဖူးတာလား"

"အင်း"

"ဘာမှ မဖြစ်ဘူး။ လာ"

ရှောင်းကျန့်က ရှေ့ကနေ ဦးဆောင်ပြီး ကားပေါ်တက်သွားတယ်။

"နည်းနည်း ကြာမှာ
အိပ်လိုက်"

ဝမ်ရိပေါ်ကတော့ ကားပေါ်တက်ပြီး ဟိုငေး၊ ဒီငေးလုပ်နေတယ်။ သိပ်မကြာခင်မှာပဲ ရှောင်းကျန့်က အိပ်ပျော်သွားတော့တယ်။ ရှောင်းကျန့်က ဘယ်နေရာမှာမဆို အလွယ်တကူ အိပ်ပျော်တတ်တာပဲ။ သူ့ဘက်ကို စောင်းကျလာတဲ့ ခေါင်းကို သက်တောင့်သက်သာဖြစ်အောင် ရိပေါ်က ထိန်းပေးလိုက်တယ်။ (၂၄) နှစ် နေလာပြီးတဲ့ လူက ဒီလိုကျ  ကလေးလေးပါပဲ။

Esperanza (Hope)Where stories live. Discover now