Enamorarse (fall in love)

365 31 3
                                    

ရှောင်းကျန့်က ဝမ်ရိပေါ် ကို အမှန်တကယ် စိတ်ကုန်နေပါသည်။ သတင်းတွေ စကြားကာစက သူတော်တော် ဝမ်ရိပေါ် အပေါ်မှာ အကောင်းမြင်စိတ် မထားနိုင်ဘူး။ ဒီလိုသူနဲ့မတူတဲ့ အလွှာက မောက်မာရိုင်းစိုင်းတဲ့ ကောင်လေးတွေနဲ့၊ အနိုင်ကျင့် ရန်ရှာတတ်တဲ့ ကောင်လေးတွေနဲ့ ရှောင်းကျန့်က ဝေးဝေးနေဖို့ စိတ်ကူးပြီးသား။ ဘဝတွေမှာ ရစရာ စိတ်ဒဏ်ရာက များတယ်။ အလွယ်တကူ ဖောက်ခွဲတတ်တဲ့ အမျိုးအစား၊ အနိုင်ကျင့်တတ်တဲ့ အမျိုးတွေကို သူတကယ်ပဲ အထင်သေးတယ်။ အခြားသော အခြားသူကို မကုတ်ခြစ်နိုင်မဲ့ နည်းလမ်းကို ဘာလို့ မတွေးခေါ်နိုင်ကြတာလဲ။

မျက်လုံးသေးသေးလေးတွေ မှိတ်ကျသွားတဲ့အထိရယ်‌မောရင် ဝမ်ရိပေါ်မှာ သာမန်ဆယ်ကျော်သက် ကောင်လေးတွေလို ချစ်ဖို့ကောင်းလျက်နဲ့လေ။ တစ်ခါတလေ အထီးကျန်ရတာ သူရော ဝမ်ရိပေါ်လိုပါပဲ။ ဝမ်ရိပေါ်က သူကြားထားတဲ့ သတင်းစကားတွေထဲကလို အဲ့လောက်ထိ မဆိုးသွမ်းပါဘူးလို့ အဆင်ပြေပြေလေး သူတွေးမလို့ရှိသေးတယ်။ အခုတော့ သူ့အမြင်က ဘာအရေးလဲ။ ဝမ်ရိပေါ်က ထူးမခြားနား ကောင်ကလေးပဲ မဟုတ်လား။ သူ့အပေါ် မလေးစားတာ၊ စော်ကားတာကို သူမုန်းတယ်။ ဒါက စာသင်နေတဲ့ လူတစ်ယောက်ဆိုတဲ့ အကြည်ညိုခံလိုမှု မဟုတ်ဘူး။မပေးအယူ အလုပ်တစ်ခုဆိုရင်‌တောင် သူက အချိန်နဲ့ ပညာကို ရောင်းစားနေတာ။ တစ်ဖက်ကလဲ ဒါကိုလေးစား လက်ခံယူရမယ်လို့ ရှောင်းကျန့်က တွေးတယ်။ သူ ဝမ်ရိပေါ် ကို သည်းခံနေတာ၊ သည်းခံတာလည်း မဟုတ်ပါဘူး။ ဒါ သူတာဝန်ယူရမယ့်အလုပ် ဖြစ်နေရုံသက်သက်ပဲ။ ကြည်လင်လာတဲ့အခါ အလိုလို ရောထွေးလွယ်ပေမဲ့ နောက်ကျိလာတဲ့အခါ ခြေတစ်လှမ်း ဆုတ်ဖို့ ‌မတွေဝေနေပါဘူး။ ရှောင်းကျန့်မှာ သူ့ကိုယ်ပိုင် ဘောင်လေးတွေ ရှိတယ်။ ဒါကြောင့်လဲ သူက ဒီနေ့အထိ ရှင်သန်နေနိုင်သေးတာ။ နောက်တစ်နည်းပြောရရင် သူ ဝမ်ရိပေါ်လို သူ့ကိုယ်သူ ဖျက်ဆီးဖို့၊ အခြားသူတွေကို ဖျက်ဆီးဖို့အတွက် မတတ်နိုင်ခဲ့ဘူး။ ဒီအချက်ကလဲ သူ့ကို မနာလိုစေတာပါပဲ။

သူ အိမ်ကို ပြန်ရောက်တော့ သူ့ကို ကြိုဆိုသူမရှိ၊ နှုတ်ဆက်စရာမရှိ။ ရှောင်းကျန့်က ညစာကို မြန်မြန်စားလိုက်တယ်။ ရှောင်းကျန့် အနေနဲ့ စကားလက်ဆုံကျစရာ ဒီနေရာမှာ ဘယ်သူမှ မရှိပါဘူး။ ထမင်းစားခန်း သူထွက်လာတော့ TV screen မှာ လာနေတဲ့ သတင်းက ကမ္ဘာကျော် အကသမား နဲ့ ဘဲလေးအကမယ် ရှောင်ဖေး  ရဲ့ တတိယအကြိမ်မြောက် ကနေဒါတွင် လက်ထပ်တဲ့ သတင်းတဲ့။ ရှောင်းကျန့်က စိတ်ရှုပ်ထွေးသွားတယ်။

Esperanza (Hope)Where stories live. Discover now