Together

370 31 2
                                        

အဝတ်အစား ဖက်ရှင်နဲ့ပတ်သက်ပြီး ရှောင်းကျန့်က ဂရုမစိုက်ဖူးပေမယ့် အခု သူ ရုတ်တရက်ကြီး ကြည့်ကောင်းချင်လာတယ်။ သူ ရိပေါ်အပေါ်မှာ တရားရဲ့လား မသိတော့ဘူး။ ချန်ထားခဲ့တဲ့ အချိန်တွေတိုင်းမှာ မသိစိတ်က ဝမ်ရိပေါ် သူ့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ယုံကြည့်ခဲ့တာလေ။

ဝမ်ရိပေါ်က အများကြီး ကြည့်ကောင်းလာခဲ့တယ်။ အများကြီး ပြောင်းလဲလာခဲ့တယ်။ ငယ်ရွယ်မှု ကျော်ကြားမှုတွေ အများကြီးနဲ့ ကောင်လေးကို ရှောင်းကျန့်အနေနဲ့ ပိုင်ဆိုင်ခွင့်ရှိပါ့မလား။ အေးစက်စက်နဲ့ မဖော်ပြတတ်တဲ့ သူက ဝမ်ရိပေါ်ကိုရော ပျော်ရွှင်စေနိုင်ပါ့မလား။

သူ့မှာ ကြည့်ကောင်းတဲ့ ခန္ဓာကိုယ် အချိုးအစား မရှိဘူး။
သူ့မှာ ချောမောတဲ့ ရုပ်ရည်မရှိဘူး။
ငွေကြေး ပိုင်ဆိုင်မှုလည်း မရှိဘူး။
ပါဝါ မျက်မှန်တစ်လက်နဲ့ ကျွတ်ဆတ်ဆတ် အထိမခံနိုင်တဲ့ စိတ်ပဲ ရှိတာ။
ယုံကြည်မှုတွေ လျော့နည်းလာရသလိုပါပဲ။
ဝမ်ရိပေါ် သူ့ကို ချစ်တယ်ဆိုတဲ့စိတ်ဟာ အချိန်တွေ အများကြီးအကွာမှာ အကောင်းအတိုင်း ကျန်ပါ့မလားလေ။

မဖြစ်ဘူး သူက ဝမ်ရိပေါ်အမြင်မှာ တကယ်ကို ကြည့်ကောင်းနေရမယ် နဲ့
အဝတ်အစားရွေးရင်း မိုးလင်းခဲ့ရတာ ရှောင်ရှောင်းကျန့်ရဲ့ နေ့ရက်များပေါ့။

ဟိုတယ်ရှေ့ကို ကားလေးရပ်လိုက်တာနဲ့ ဆွယ်တာအဖြူနဲ့။ ရိုးရိုးလေး ပြင်ထားရင်တောင် ဆွဲဆောင်မှု ရှိတဲ့ ဝမ်ရိပေါ်ကလေးပဲ။

"ဘယ်ကို သွားမှာလဲ"

"Madrid ရဲ့ အလှဆုံးဆိုတဲ့ အရာတွေဆီပေါ့"

"လာ ကောကော"

ဝမ်ရိပေါ် မျက်စိရှေ့မှာတော့ သူ့ရှေ့မှာ ရှိနေတဲ့ ရှောင်းကျန့်ထက်တော့ Madrid ရဲ့ ဘယ်အရာကမှ မလှပနိုင်ပါဘူး။ ဒီစကားတွေကိုတော့ အပြင်မှာ ပြောလို့ ဖြစ်ပါ့မလား။

"ဒီအတိုင်း ကားမောင်းရင်း လမ်းလျှောက်ကြမယ်လေ"

အလှအပ၊ ဇိမ်ခံစရာတွေနဲ့ ပြည့်ကျပ်နေတဲ့ မြို့ကြီးရဲ့ ရွေးချယ်စရာတွေထဲမယ် သူတို့ရွေးချယ်ခဲ့တာ သာမန် လမ်းမတွေကိုပဲ။

Esperanza (Hope)Where stories live. Discover now