သူတို့ရဲ့မုန့်ဟင်းခါး အရောင်းဆိုင်လေးက အခုဆို ပုံမှန်ဖောက်သည်တွေနဲ့ အရမ်းကိုရောင်းကောင်းနေပြီဖြစ်သည်
မနက်ပိုင်းဆို အလုပ်သမားတွေက ဆာလောင်မှုအပြည့်နဲ့ ဆိုင်ရှေ့မှာ သူ့ထက်ငါအပြိုင်အဆိုင်ကို လာတန်းစီကြသည်၊ စီးပွားရေးပိုကောင်းလာတာနဲ့အမျှ ပိုလည်းပင်ပန်းလာသည် မုန့်ဖက်တွေပိုလုပ်လာရသလို ဟင်းရည်တွေလည်း ပိုချက်ဖို့လိုလာသည်။ အရင်လို ဖမ်းထားတဲ့ငါးအနည်းငယ်လောက်နဲ့ပဲ အဆင်မပြေတော့၊ 'ဆန်ချောင်း' လည်း နားချိန်ပိုရအောင် ဈေးထဲက ငါးတွေကို တစ်ခါတည်း ဝယ်လိုက်သည်။ ငါးတွေက စားသုံးသူနည်းပြီး ဈေးချိုတာကြောင့် မုန့်ဟင်းခါးရဲ့အမြတ်က မထိခိုက်ပေ။
ဒီနေ့တော့ ဆိုင်သိမ်းပြီးတာနဲ့ 'တလင်း'မှ ဦးဆောင်ပြီး 'ဆန်ချောင်း'မိသားစုဝင်တွေကို အထည်ဆိုင်သို့ခေါ်လာလိုက်သည်။ ဘုန်းကြီးကျောင်းမှာ အာရုံဆွမ်းလေးကပ်ရင်း လာသလောက်ဧည့်သည်တွေ ကိုလည်း မုန့်ဟင်းခါးကျွေးမည်ဖြစ်သည်။ အဲ့နေ့မှာ မိသားစုဝင်အကုန်လုံးကိုတောက်တောက်ပပလေးဖြစ်စေချင်သည်။
"ဒီထဲက ကိုယ်ကြိုက်တဲ့ အစတစ်ခုစီရွေးလို့ရတယ်"
ဈေးအလယ်အလတ်လောက်ရှိတဲ့ ပိတ်စတွေကိုထိုးပြရင်း 'တလင်း'ပြောတော့ 'ဆန်ချောင်း' အပါအဝင် ကလေးသုံးယောက်က မျက်လုံးပြူးပြူးလေးတွေနဲ့ ကြည့်လာကြသည်
သူတို့လေးတွေက လူရယ်လို့ဖြစ်ကာစအရွယ်ကတည်းက သူများပေးတဲ့အစုတ်ဆုံးသော အဝတ်တွေသာ ဝတ်ခဲ့ရပြီး အဲ့တာတောင် တစ်ထည် နှစ်ထည်လောက်သာ၊ အခုတော့သူတို့အထည်လိပ်ဆိုင်ထဲမှာ ကိုယ်တိုင်ဝယ်ခွင့်ရလေပြီ။
'တလင်း'ကတော့ 'ပန်းလေး'ကိုခေါ်ကာ စိတ်ကြိုက်ပိတ်စလေးတွေလိုက်ကြည့်ရသည်။ မိသားစုရဲ့တစ်ဦးတည်းသော မိန်းကလေးမို့ တခြားသူတွေနဲ့မတူ အမျိုးသမီးပိတ်စတွေသီးသန့်ထားသော အခြမ်းသို့ သွားရွေးရသည်။
ပြီးတာနဲ့ ကိုယ်ရယ်သူရယ်က မင်္ဂလာဆောင်မှာဖြစ်လို့ ပိတ်စအတူရွေးရန် 'ဆန်ချောင်း'ဆီပြန်သွားရသေးသည်။အားလုံးရွေးပြီးသွားချိန်တွင် 'တလင်း'နဲ့'ဆန်ချောင်း'တို့က ရွှေရောင်တောက်တောက်လုံချည်ဆင်တူနဲ့ 'ကွက်ကွက်'နဲ့'နီနီ'ကတော့ အနီရောင်တောက်တောက်တွေကိုကြိုက်ပါသည်တဲ့၊ 'ပန်းလေး'ကတော့ နာမည်နဲ့လိုက်အောင် ပန်းရောင်ချိတ်အဆင်လေးကိုရွေးလာသည်။
![](https://img.wattpad.com/cover/373841734-288-k957759.jpg)
YOU ARE READING
ဆန်ချောင်းတို့မိသားစု
Historical Fictionအချိန်ကူးပြောင်းလာသော 'ရွှေတလင်း' နဲ့ ဉာဏ်ရည်အနည်းငယ်ချို့တဲ့နေတဲ့ ရွာသားလေး 'ဆန်ချောင်း'၊ ချစ်စဖွယ် ကလေးသုံးယောက်နဲ့အတူ ရွာအငွေ့အသက်လေးတွေနဲ့ ဇာတ်အိမ်တည်ထားပါတယ်။