Part (11)

338 30 7
                                    

"မောင်ဆန်ချောင်းနဲ့ မောင်ရွှေတလင်းတို့ရဲ့ မင်္ဂလာအလှူ"

ပကာသနမပါ ‌သစ်သားပေါ်မှာ 'တလင်း' ကိုယ်တိုင်ထွင်းထားတဲ့ ဆိုင်းပုဒ်လေးကိုဖြတ်လို့ ဘုန်းကြီးကျောင်းသို့ တဖွဲဖွဲရောက်လာကြသောသူများ

အစက အစောပိုင်းလောက်မှာ လူတွေသိပ်မလာလို့ မုန့်ဟင်းခါးတွေ မကုန်ကာ အလကားဖြစ်သွားမှာ စိုးရိမ်နေရသလောက် အခုတော့ မလောက်မှာ ပြန်ကြောက်နေရသည်။
တကယ်တော့ တစ်နေ့လုပ်မှ ‌တစ်နေ့စားရသောရွာသားများမှာ မသွားမဖြစ် သွားရသော ကိစ္စများမှလွဲ၍ တခြားပွဲများသို့ သွားရန်အချိန်သိပ်မပေးကြ၊ ဒါပေမယ့် မနက်ပိုင်း တစ်ယောက်စနှစ်ယောက်စသွားသောသူများက မုန့်ဟင်းခါးဘယ်လောက်ကောင်းကြောင်း ပြောနေကြသဖြင့် သူတို့မှာ အရသာမြည်းစမ်းချင်တာကြောင့် လာကြခြင်းဖြစ်သည်။ ရောက်လာပြီးနောက်မှာတော့
အရသာတောင်မခံရသေး၊ လမ်းခုလတ်မှရ‌သော အနံ့မွှေးမွှေးကို ရတာနဲ့တင်အတော် တန်နေပြီလို့တွေးနေကြလေသည်။

မုန့်ဟင်းခါးကျွေးတဲ့နေရာရဲ့ အဝမှာ လူကြီးလေးများသဖွယ်ရပ်ပြီး ကြိုဆိုနေကြတဲ့ ကလေးသုံးယောက်ကို တွေ့တဲ့အခါ လာသမျှလူများသည် အံ့ဩသွားကြသည်၊ ခေါင်းမှခြေဖျားအထိ သန့်ရှင်းသပ်ရပ်နေပြီး အရောင်တောက်တောက် အဝတ်အစားလေးတွေနဲ့ ကလေးသုံးယောက်သည်အတော်ကို ချစ်ဖို့ကောင်းနေကြသည်၊ အရင်တုန်းက သူတို့တွေ့ဖူးသော ဒီကလေးတွေရဲ့ပုံသဏ္ဍန်မှာ စုတ်ပြတ်နေသော အဝတ်အစားတွေနဲ့ ညစ်ပတ်နေကြတာက များပြီး ‌သူတို့ကယောင်လို့တောင် လှည့်မကြည့်ခဲ့ကြပါ။

ထိုအသေးလေးသုံးယောက်သည် ပွဲသို့လာသောသူများအား 'မင်္ဂလာပါ' လို့ပြိုင်တူနှုတ်ဆက်ကြသေးသည်။ ဒါက 'တလင်း'သင်ထားပေး‌သော ဒီနေ့အတွက် သူတို့လေးတွေရဲ့တာဝန်ဖြစ်သည်။

သတို့သားနှစ်ယောက်မှာတော့ တစ်ချက်မှ မနားရ၊ မနေ့ကတည်းကကျွေးမွေးဖို့အတွက် မုန့်တွေမနားတမ်းလုပ်ထားရတဲ့အပြင် ဒီနေ့မှာလည်း သတို့သားဝတ်စုံကြီးတွေနဲ့ စားပွဲထိုးဝင်လုပ်နေကြရသည်။ ဒီ‌နေ့ပွဲမှာတော့ သူတို့ကို ကူပြီး ဝိုင်းလုပ်ပေးသည်က ရွာထဲမှာ လက်တိုလက်တောင်းအကုန်လိုက်လုပ်ပေးသည့် 'ကိုသာ‌မောင်း'လည်းပါလေသည်။ သူက ရွာထဲမှာ 'ဆန်ချောင်း'ပြီးရင် ရွာရဲ့အခိုင်းခံရဆုံးသူဖြစ်လေသည် အခုတော့ 'ဆန်ချောင်း'က ဒီဘဝကကျွတ်ပြီး သူတစ်ယောက်တည်းကသာ ရွာကဲ့ ပင်တိုင်အလုပ်သမားဖြစ်လာသည်။

ဆန်ချောင်းတို့မိသားစုWhere stories live. Discover now