အပိုင်း၁၄

207 13 0
                                    

"ငသန့်..ဘယ်လဲ"

ကိုထက်မင်း၏ အမေးကြောင့် သန့်စင်၏ ခြေလှမ်းများသည် ရပ်တန့်သွားကာ ကိုထက်မင်းအား ကြည့်၍

"ရွာထိပ်...ဒါနဲ့ ဟိုကောင်ဘယ်ချိန်ပြန်လာမယ်လို့ပြောသွားလဲ"

"ဘယ်သူလဲ...ဂုဏ်လား"

သန့်စင်သည် နှာခေါင်းအား ရှုံကာ ခပ်တိုးတိုးဖြင့်

"ဂုဏ်ဆိုတာ ကျုပ်ပိုင်တဲ့နာမည်ဗျ"

ကိုထက်မင်းသည် မကြားလိုက်ရသဖြင့် ထပ်မေးသည်။သန့်စင်သည် ခေါင်းခါပြ၍ ဘာမှမဟုတ်ကြောင်းရှင်းပြသည်။

"ဂုဏ်က နည်းနည်းကြာဦးမယ်ထင်တယ်..မြို့ကစာရောက်လာလို့ အမြန်သွားရတာ.."

"ဘာစာလဲ"

"ငါလည်း အတိအကျမသိဘူး...သူ့အ​မေစီက ထင်တာပဲ"

သန့်စင်တွေတွေလေးဖြစ်သွားသည်။ကိုထက်မင်းသည် နှုတ်ဆက်ကာ ထွက်သွားသည်။

ဂုဏ်...မင်းဘာဖြစ်လို့လဲ။

ဂုဏ်ပြောဖူးသည်။သူ့၌ မိဘ၊ဆွေမျိုး၊ညီကိုမောင်နှမများမရှိပဲ တစ်ကောင်ကြွက်ဟူ၍။

.

.

.

အခန်းတွင်းရှိ လေထုသည် စိုထိုင်းထိုင်းနှင့် ကြောက်မက်ဖွယ်။တစ်ဖက်၌ အမျိုးသမီးနှစ်ဦး၊ကျန်တစ်ဖက်၌ အမျိုးသားတစ်ဦး။

ထိုအမျိုးသားသည် စကားစသည်။

"ကျွန်တော်ယမုံကို လက်ထပ်မယ်"

အမျိုးသမီးကြီးထံ၌ လှောင်ရယ်သံသဲ့သဲ့သည် အခန်းတွင်းမှ ထွက်ပေါ်လာသည်။

"ဒါပေမဲ့...လက်မထပ်ခင် ကျွန်တော့်ဘဝကို ထပ်မနှောက်ယှက်နဲ့...ကျွန်တော်ဘာလုပ်လုပ်အမေဝင်မပါနဲ့"

"ရတယ်လေ"

"ပြီးတော့ သူ့(သန့်စင်)ရဲ့ ဘဝကိုလည် မနှောက်ယှက်နဲ့..ဘာတွေပဲဖြစ်လာဖြစ်လာ ကျွန်တော့်ကိုပဲပြော..ဒီကိစ္စကို သူ့ကို မသိစေနဲ့"

"မြို့ကို ပြန်ပြောင်းလာခဲ့"

"ကျွန်တော်ပြောပြီးပြီလေ...လက်မထပ်ခင် ကျွန်တော်ဘာလုပ်လုပ် လာမပြောနဲ့လို့"

ပိုင်ဆိုင်ချင်ပါသည် သို့သော်....Where stories live. Discover now