အပိုင်း၁၅

207 13 0
                                    

ဂုဏ်သည် သူ၏ပင်တိုင် ကတ္တီပါဖိနပ်လေးအား ဆင်မြန်းကာ လည်ကတုံးအဖြူလေးနှင့် ပုဆိုးအကွက်စိတ်လေးဖြင့် သန့်ပြန့်နေတော့သည်။

"ဟဲ့သန့်စင်..စောစောစီးစီးဘယ်တုန်း"

ရွာထဲမှ အဒေါ်ကြီးတစ်ယောက်၏အမေးအား

"ရွာဦးကျောင်းကြီးတော်"

"အံမယ်..ထူးထူးခြားခြားပါလားမောင်သန့်စင်"

ပြောလည်းပြောချင်စရာပင်။မွေးကတည်းက လပြည့်နေ့သန့်ရှင်းရေး၌ မပါဝင်ဖြစ်ပါ။

သန့်စင်သည် မလုံမလဲဖြင့် ဂုတ်ပိုးအား ပွတ်သပ်ကာ

"အရင်ကတည်းက ကျုပ်က ဘာသာတရားကိုင်းရှိုင်းတယ်လေဗျာ"

ထိုစဥ်ဂုဏ့်ထံမှ ရယ်သံသဲ့သဲ့သည် တိုးထွက်လာသည်။

"မင်းနော်!"

ဆူအောင့်အောင့်အသံလေးကြောင့် ဂုဏ်သည် ဆက်ရယ်ဖို့တောင် အားမရှိတော့။

လမ်းလျှောက်ပြီးမကြာလိုက်။ရွာဦးကျောင်းအား လှမ်းမြင်ရချေပြီ။

မုဒ်ဝ၌ ဂုဏ်သည်ဦးစွာဖိနပ်ချွတ်ကာ လက်၌ ကိုင်သည်။သန့်စင်သည်လည်း ထိုနည်းတူ။သို့သော် ဂုဏ်သည် သန့်စင်လက်ထဲမှ ဖိနပ်အား ဆွဲယူကာ

"ငါကိုင်ပေးမယ်"

"ရ..ရပါတယ်"

ဂုဏ်၏လက်ဖြင့် သန့်စင်၏လက်တို့ တစ်ခဏထိတွေ့လိုက်ရသည့် အခိုက်အတန့်သည် နတ်ပြည်ရောက်သွားသလိုပင်။

ဂုဏ်သည် ဘာမျှမဆိုပဲ သန့်စင်၏ဖိနပ်အား ကိုင်၍ ရှေ့မှထွက်သွားသည်။

သန့်စင်တစ်ယောက် မိမိ၏လက်အား ပြန်ကြည့်၍ ထိုနေရာ၌ မလှုပ်မယှက်။ရင်ခုန်နှုန်းကြောင့် အရှေ့ပင်မရွေ့နိုင်။

.

.

.

သန့်စင်တစ်ယောက် စေတီရှေ့၌ စိတ်ပျက်လက်ပျက်ဖြင့် မတ်တပ်ရပ်နေသည်။

အဘယ့်ကြောင့်ဆိုသော် မနက်အစောလူရှင်းမည်အထင်နှင့် အစောကြီးထကာ ဂုဏ်နှင့် စေတီတော်ရှိရာစီသို့ ထွက်လာခဲ့တာဖြစ်သည်။သို့သော် စေတီတော်ပေါ်၌ သန့်ရှင်းရေးလုပ်နေကြသော လူငယ်အပေါင်းတို့အား မြင်တွေ့လိုက်ရသည်။

ပိုင်ဆိုင်ချင်ပါသည် သို့သော်....Where stories live. Discover now