သင်္ကြန်ဒုတိယနေ့။
ဒုတိယနေ့သည် ပထမနေ့ထက် အနည်းငယ်လူစီလာသည်။ကလေးများနှင့်လူပျို၊အပျိုများသည် ထိုမဏ္ဍပ်၌သာ ဆော့ကစားလျက်။တစ်ခြားရွာမှ လူပျိုတစ်ချို့လည်း လာရောက်ဆော့ကစားကြသည်။ထို့ကြောင့် သန့်စင်တို့အုပ်စုသည် မဏ္ဍပ်အတွင်း၌ မကျေမချမ်းဖြင့် တောက်တခေါက်ခေါက်။အဘယ့်ကြောင့်ဆိုသော် တစ်ဖက်ရွာမှ လူပျိုများသည် မိမိတို့၏ရွာမှ အပျိုများအား စနောက်ကျီစယ်နေသောကြောင့်ပင်။
"အဲ့သတောင်းစား နည်းနည်းများလာပြီ"
မကျေမချမ်းအသံနောက်၌ စူးရှရှအသံသည် ကပ်ပါလျက်။
"သန့်စင်..သူများကို အဲ့လိုမပြောရဘူးလေ"
ဂုဏ်၏စကားဆုံးသည်နှင့် သန့်စင်၏ လေသံသည် ချက်ချင်းပင်ပြောင်းလဲသွားကာ
"အဲ့ဒီ ဆင်နင်းထားတဲ့မျက်နှာနဲ့ အကိုတော်က နည်းနည်းလွန်လာပြီနော်"
ခွီး!
သန့်စင်၏အပြောနောက်၌ ဂုဏ်၏ရယ်သံသည် ကပ်ပါလျက်။
"မင်းငါ့ကို ရွဲ့နေတာလား"
"မရွဲ့ရပါဘူး...ကျွန်တော်မျိုးက အစကတည်းက ယဥ်ကျေးပါတယ်"
ဂုဏ်၏ရယ်သံသည် အဆက်မပြတ်ထွက်ပေါ်လျက်။
"ဟိုနွား"
မျက်ပြူး၏ ယဥ်ကျေးလှသောခေါ်သံကြောင့် သန့်စင်၏ ဆဲသံသည် ထွက်ပေါ်လာသည်။
"တစ်တီတူးမနေနဲ့..ဟိုမှကူလုပ်ပေးရဦးမယ်"
မဏ္ဍပ်အတွင်း၌ လင်နှင့်နှစ်ယောက်တစ်ကမ္ဘာလုပ်နေသူအား မျက်ပြူးတို့မကျေနပ်တော့။
"အရမ်းတွေလိမ္မာပြနေတာ..လင်စကားတစ်ခွန်းဆို တစ်ခွန်းပဲ"
လမ်းလျှောက်လာသည့် တလျှောက်နှင့် သန့်စင်အား တွတ်ထိုးကာ ပြောသွားသော စကားသံများအား ဂုဏ်ကြားလျှင် သွေးတက်နေတော့မည်။
.
.
.
"ဂုဏ်...ငါမင်းအတွက်ယူလာတာ"
အအေးခွက်အား မမှောက်ကျစေရန် ထိန်းကိုင်၍ ဂုဏ်၏လက်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။
YOU ARE READING
ပိုင်ဆိုင်ချင်ပါသည် သို့သော်....
Sonstigesတလွဲမာနတွေကြားမှာ ငါ့အချစ်တွေဟာ မြေစာပင်ဖြစ်ခဲ့ရတယ်ဂုဏ်! ငါ့ဘက်က တစ်ထစ်လျော့ပေးရင်တောင် မင်းရဲ့တလွဲမာနေတွေကို အရေးပေးပြီး ငါ့ကိုနှိပ်စက်ဦးမှာပဲမလား..... Author_Hanna Mon_ Fiction type_Village_ start date_8.8.2024(Thursday) Cover photo_ctto_